
APM၊ ဒီဇမ်ဘာ ၁၅/၂၀၂၂
မြန်မာစစ်တပ်မှ ဖမ်းဆီးထားပြီး မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁) ဖြင့် အမှုဖွင့်တရားစွဲဆိုထားသည့် မင်းပြားမှ ဒု-မြို့နယ်ပညာရီးမှူး ဦးတင်မျိုးဇော်ကို နက်ဖြန် (ဒီဇမ်ဘာ ၁၆ ရက်နိ) စစ်တွေမြို့နယ်တရားရုံး၌ ရုံးထုတ် စစ်ဆီးမည်ဟု သိရသည်။
ဦးတင်မျိုးဇော်ကို ကုန်ခသည့် စပ်တမ်ဘာ ၂၇ ရက်နိက ပြည်နယ်ပညာရီးမှူးရုံးမှခေါ်၍ စစ်တွေသို့ လားရောက်စဉ် မြန်မာစစ်တပ်မှ ဖမ်းဆီးခခြင်းဖြစ်သည်။
ယင်းနောက် AA သို့ ထောက်ပံ့ရန် ငွေကြေးကောက်ခံသည်ဟုစွပ်စွဲကာ သူ့ကို နိုဗမ်ဘာ ၁၅ ရက်နိ၌ မြန်မာစစ်တပ်မှ ဗိုလ်ကြီးပြည့်စုံက တရားလိုလုပ်၍ ပုဒ်မ ၁၇ (၁) နန့် စစ်တွေမြို့နယ်တရားရုံးတွင် တရားစွဲဆိုထားခြင်းဖြစ်သည်။
သို့ရာတွင် ဒု-မြို့နယ်ပညာရီးမှူးဦးတင်မျိုးဇော်အနီနန့် AA သို့ ထောက်ပံ့ရန်ငွေကြေးကောက်ခံခြင်း လုံးဝမဟိခကြောင်း ပညာရီး အသိုင်းအဝိုင်းမှ ပြတ်ပြတ်သားသား ငြင်းဆိုထားသည်။
