APM၊ ဒီဇမ်ဘာ ၁၅/ ၂၀၂၂
ဒေနိ ဒီဇမ်ဘာ ၁၅ရက်နိ မိုးထ ၃ နာရီခန့်က မန္တလေးမြို့တွင် အင်အား ၅ ဒသမ ၂ အဆင့်ဟိ မြီငလျင်တခု လှုပ်ခတ်ခကြောင်း မိုးလီဝသနန့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်အရ ဒီဇမ်ဘာ ၁၅ ရက်နိ မြန်မာစံတော်ချိန် မိုးထ ၃နာရီ၊ ၁၅မိနစ်၊ ၃၅ စက္ကန့်တွင် တံတားဦးမြို့၏ အရှိဖက် ၄မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် (၂၁.၈၁) ဒီဂရီ၊ အရှိလောင်ဂျီတွဒ် (၉၆.၀၃) ဒီဂရီ၊ အနက် (၆၃)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ချ်)တာစကေး ၅ ဒသမ ၂အဆင့်ဟိ မြီငလျင်လှုပ်ခတ်လားကြောင်း သိရသည်။
ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေး ပြည်ကြီးတံခွန်မြို့နယ်ဟိ ခန္ထောကျောင်းတိုက်၊ မဏိရတနာကျောင်းတိုက်မှ မျက်နှာကျက်များ ပြိုကျပြီး ကျောင်းဝန်းအတွင်းဟိ ပတ္တမြားစေတီ၏ စိန်ဖူးတော်မြီခလားသည်ဟု ဒေသခံများက ဆိုသည်။
ငလျင်လှုပ်ခတ်မှုဒဏ်ကို မန္တလေးမြို့အပြင် မြင်းခြံ၊ ဝမ်းတွင်၊ သဲတော၊ မုံရွာ၊ မိုးကုတ်၊ ရွှေဘို၊ စစ်ကိုင်း၊ ပြင်ဦးလွင်၊ နောင်ချိုနန့် တောင်ကြီးမြို့ရို့မှ ဒေသခံများပါ ခံစားခရကြောင်း သိရသည်။