
ငါးသယံဇာတယှားပါးမှုကြောင့် ရက္ခိုင်ပြည်မှ ရီလုပ်သားများ အခက်ကြုံနီရ
APM၊ ဒီဇမ်ဘာ ၁၅/၂၀၂၂
ရက္ခိုင်ပြည်တွင် တနှစ်ထက်တနှစ် ငါးသယံဇာတများ ယှားပါးလာမှုကြောင့် ငါးလုပ်ငန်းကို အဓိကထား၍ အသက်မွီးဝမ်းကျောင်းပြုနီကတ်ရသည့် ရီလုပ်သားများမှာ အခက်အခဲများစွာနန့် ရင်ဆိုင်ကြုံတွိနီရကြောင်း သိရသည်။
မသမာသော ငါးဖမ်းသူတချို့မှ အဆိပ်ချဖမ်းဆီးခြင်း၊ လျှပ်စစ်ဖြင့် လျှော့တိုက်ဖမ်းဆီးခြင်း၊ ပိုက်ကွင်းများငယ်သည့် ကျားပါးစပ် ငါးဖမ်းပိုက်များအသုံးပြု၍ ဖမ်းဆီးခြင်းများအပြင် ရာသီဥတုပြောင်းလဲခြင်းများကြောင့် ရက္ခိုင်ပြည်ဟိ မြစ်၊ ချောင်း၊ ပင်လယ်ပြင်ရို့တွင် တနှစ်ထက်တနှစ် ငါးသယံဇာတများ လျော့နည်းလာခြင်းဖြစ်သည်။
အလားတူ ကမ်းဝီးငါးဖမ်းသင်္ဘော များက မြန်မာစစ်တပ်နန့်ပေါင်း၍ ဥပဒေမဲ့ ကမ်းနားကပ်ကာ ငါးဖမ်းနီခြင်းကြောင့်လေ့ ငါး၊ပုစွန်များ ယှားပါးလာသည်သာမက ရီသယံဇာတများပါ ဆိုးရွားစွာ ပျက်စီးလျက်ဟိသည်။
ယင်းသို့ ငါးသယံဇာတ ယှားပါးလာမှုကြောင့် ငါးဖမ်းဆီးရဟိမှုနည်းပါးလာကာ ငါးလုပ်ငန်းကို အဓိကထား၍ လုပ်ကိုင်စားသောက်နီကတ်ရသည့် ရီလုပ်သားများမှာ စားဝတ်နီရီးအခက်အခဲများနန့် နိတဓူဝ ရင်ဆိုင်နီကတ်ရသည်။
ယင်းအပြင် ငါးဖမ်းလုပ်ကွက် ယှားပါးလာမှု၊ ငါးလုပ်ငန်းနန့် ဆက်စပ်ပစ္စည်းများဈီးနှုန်းမြင့်တက်မှု၊ ကုန် ကျစရိတ် ကြီးမြင့်မှုများကြောင့်လေ့ ရက္ခိုင်ပြည်မှ ရီလုပ်သားများမှာ နိစဉ်ရက်ဆက်အယှုံးပေါ်လျက် မိမိရို့လုပ်ငန်းကိုပင် ရပ်တန့်ထားရကြောင်းသိရသည်။
Photo- Facebook
