APM၊ နိုဗမ်ဘာ ၁၅/၂၀၂၂
ပုဏ္ဏားကျွန်းမြို့နယ်တွင် ကုန်ခသည့် နိုဗမ်ဘာ ၁၀ ရက်နိမှစ၍ စစ်ကောင်စီတပ်မှ လက်နက်ကြီးများ၊ ဒရုန်းများ၊ စစ်ရဟတ်ယာဉ်များနန့် ပစ်ခတ် တိုက်ခိုက်မှု၊ ရွာများကိုမီးရှို့ ၊ ရွာသားများကို ရက်ရက်စက်စက် သတ်ဖြတ်မှုကြောင့် ဖီးလွတ်ရာသို့ တိမ်းယှောင်နီရသည့် စစ်ဖီးယှောင် ၅၀၀၀ ကျော်အတွက် စားနပ်ရိက္ခာများ အပူတပြင်းလိုအပ်နီကြောင်း သိရပါသည်။
ယင်းစစ်ဖီးယှောင်များမှာ ဆင်အင်းကြီး၊ ပဒေသာ၊ ကျော်ဇံ၊ ကျွဲထိုး၊ တန်းခိုး၊ တန်းစွယ်၊ သင်ပုန်းတန်း၊ ယာချောင်း၊ ငှက်ကြီးကျွန်း၊ အလယ်ကျွန်း၊ ရီပေါက်ချောင်း၊ နတ်ဆိပ်၊ အိုင်ဒင်ရွာအပါအဝင် ရွာပေါင်း ၁၂ ရွာခန့်မှ ရွာသားများဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့ပေါ်ဟိ ဘုန်းကြီးကျောင်း၊ နီးစပ်ရာ ကျေးရွာများ၊ ရသေ့တောင်မြို့နယ်၊ စစ်တွေမြို့နယ်နန့် ကျောက်တော်မြို့နယ်ဟိ ကျေးရွာများတွင် ကျပ်ကျပ်တည်းတည်းဖြင့် နီထိုင်နီကတ်ရသည်။
စစ်ဖီးယှောင်အများစုသည် စစ်ကောင်စီတပ်မှပစ်ခတ်လိုက်သည် လက်နက်ကြီးကျည်များ ရွာထဲသို့ကျရောက်ပေါက်ကွဲခြင်း၊ စစ်ကောင်စီတပ်သားများမှ ရွာသားများကို ဖမ်းဆီး သတ်ဖြတ်ခြင်း၊ ညှဉ်းပမ်းနှိပ်စက်ခြင်းများကြောင့် ကိုယ်လွှတ်ရုန်း ထွက်ဗြီးလာရသည့်အတွက် လက်ဟိတွင် အရေးပေါ် စားနပ်ရိက္ခာများ အပူတပြင်း လိုအပ်လျက်ဟိကြောင်း သိရသည်။
ယင်းအပြင် အဆိုပါ စစ်ဖီးယှောင်များအတွက် စားနပ်ရိက္ခာများ အပြင် အဝတ်အထည်၊ ပုဆိုး၊ ဖျာ၊ မိုးကာစသည့် လူ့ အသုံးအဆောင်ပစ္စည်းများလေ့ အရေးပေါ်လိုအပ်လျက်ဟိကြောင်း သိရသည်။