APM၊ နိုဗမ်ဘာ ၁၅/၂၀၂၂
နိုဗမ်ဘာ ၁၄ ရက်နိ ညဇာက မအီမြို့မှ စီးပွားရီးလုပ်ငန်းသျှင် ဦးထွန်းကြွယ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းယူလားခကြောင်း သိရသည်။
အဖမ်းခံရသူ မအီမြို့၊ အမှတ် (၂) ရပ်ကွက်မှ ဦးထွန်းကြွယ်(၅၆ နှစ်) မှာ ရွှေဇီးဇံကုမ္ပဏီလုပ်ငန်း၊ ဆီဆိုင်လုပ်ငန်း၊ ဘက်ဖိုးလုပ်ငန်း၊ မအီ/တောင်ကုတ် လိုင်းဆွဲကားလုပ်ငန်း၊ ကုန်စုံဆိုင်ရောင်းဝယ်ရီးလုပ်ငန်းများအပြင် တခြားစီးပွားရီးလုပ်ငန်းများကိုလေ့ လုပ်ကိုင်နီသူဖြစ်သည်။
ဦးထွန်းကြွယ်သည် နိုဗမ်ဘာ ၁၄ ရက်နိ ညဇာ ၄ နာရီအချိန်၌ မအီမြို့မှ တောင်ကုတ်မြို့သို့ အလုပ်ကိစ္စဖြင့်လားစဉ် တောင်ကုတ်မြို့နယ်၊ မီးချောင်းထိုးရွာအနား ရန်မျိုးလမ်းခွဲအရောက်တွင် အရပ်ဝတ်ဝတ်ဆင်ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက်က ဖမ်းဆီးခသည်။
ယင်းနောက် ဦးထွန်းကြွယ်ကို တောင်ကုတ်မြို့သို့ ခေါ်ဆောင်လားပြီး လက်ဟိတွင် တောင်ကုတ်အခြီစိုက် စစ်ကောင်စီတပ် စကခ (၅) ၌ ထိန်းသိမ်းစစ်ဆီးနီကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ရက္ခိုင်ပြည် မြို့နယ်အသီးသီး၌ ရပ်ရွာအုပ်ချုပ်ရီးမှူးများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စီးပွားရီးလုပ်ငန်းသျှင် များ၊ ပရဟိတသမားများ၊ ဆရာတော်သံဃာတော်များ အပါအဝင် အပြစ်မဲ့ပြည်သူများကို အကြောင်းအမျိုးမျိုးပြ၍ ဖမ်းဆီးထိန်းသိမ်းခပြီး၊ ပုဒ်မအမျိုးမျိုးတပ်ကာ မတရား သဖြင့် အမှုဖွင့် တရားစွဲဆိုလျက်ဟိကြောင်း သိဟိရသည်။