
APM၊ စပ်တမ်ဘာ ၁၅ / ၂၀၂၃
မြန်မာပြည်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က)နန့် တရားစွဲခံထားရရေ ကျောက်တော်မြို့နယ် ခေါင်းတုတ်ရွာက ဦးကျော်သန်းမောင်နန့် ပန်းဖဲချောင်းရွာက ကိုဇော်မိုးထက်ရို့ကို ဒေနိ (စပ်တမ်ဘာ ၁၅ ရက်နိ) ကျောက်တော်မြို့နယ်တရားရုံးမာ ရုံးထုတ်ခပြီးကေ မြို့နယ်တရားသူကြီး ဦးအောင်ကျော်သူက ထောင်ဒဏ် ၂ နှစ်စီ အသီးသီးချမှတ်လိုက်ကြောင်း သိရပါရေ။
အမှုကို ဒေနိမိုးထက ကျောက်တော်မြို့နယ်တရားရုံးမာ ရုံးထုတ်ခပြီးကေ မြို့နယ်တရားသူကြီး ဦးအောင်ကျော်သူက ပုဒ်မ ၅၀၅(က)နန့် ပြစ်မှုထင်ရှားရေဆိုပနာ ထောင်ဒဏ် ၂ နှစ်စီချမှတ်လိုက်ပါရေ။
ရက္ခိုင်ပြည်တကျော့ပြန် တိုက်ပွဲကာလကုန်ခရေ ၂၀၂၂ ခုနှစ်၊ ဂျုန်လမာ မြန်မာစစ်တပ်တပ်ဖွဲ့ဝင်တိက ဦးကျော်သန်းမောင်နန့် ကိုဇော်မိုးထက်ရို့ကို အကြောင်းအမျိုးမျိုးပြီးကေ ဖမ်းယူလားခစွာပါ။
ယင်းနောက် ပုဒ်မ ၅၀၅ (က) နန့် တရားစွဲဆိုထားခစွာဖြစ်ပြီးကေ တနှစ်ကျော်ကြာတရားရင်ဆိုင်ခရပနာ ဒေနိမှာ ထောင်ဒဏ် ၂နှစ်စီချမှတ်လိုက်စွာဖြစ်ပါရေ။
စစ်ကောင်စီစွာ ဒေရက်ပိုင်းအတွင်းမာ ရက္ခိုင်ပြည်တကျော့ပြန်တိုက်ပွဲကာလအတွင်းက ဖမ်းဆီးခံခရရေလူတိကို ထောင်ဒဏ်ဒဏ်ချမှတ်စွာတိ ဆက်တိုက်လုပ်ဆောင်လာနီပါရေ။
စပ်တမ်ဘာ ၁၃ရက်နိကလည်း အမ်းမြို့နယ်၊ လုံးကောက်အုပ်စု၊ ညောင်ချောင်းရွာက ဦးအောင်တင်မြင့်ကိုမတရားအသင်းဆက်သွယ်မှုအက်ဥပဒေ ပုဒ်မ ၁၇(၁)နန့် အမ်းမြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ်ချမှတ်ခပါသိမ့်ရေ။
အလားတူ စပ်တမ်ဘာ ၁၁ ရက်နိကလည်း စစ်တွေမြို့၊ဆတ်ရိုးကျရပ်ကွက်က ဦးဘသိန်းနန့်သက္ကေပြင်ရွာက ဦးဆော်လိမ်(ခ)မောင်မောင်ခင်ရို့ကို မြန်မာပြည်ဆူပူလှုံဆော်မှုဆိုင်ရာ ဥပဒေပုဒ်ပ ၅၀၅(က) ထောင်ဒဏ် ၂ နှစ်ချမှတ်ခပါရေ။
