
APM ၊ စပ်တမ်ဘာ ၁၅/၂၀၂၃
ရက္ခိုင့်တပ်တော် AA နန့်ဆက်စပ်တေဆိုပနာ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)နန့် တရားစွဲခံထားရရေ မြောက်ဦးမြို့နယ်၊ တိမ်ညိုရွာက သာလီစွဆီဆိုင်ပိုင်သျှင် ဦးကျော်သိန်းလှိုင်အမှုကို ဒေနိ(စပ်တမ်ဘာ ၁၅ ရက်နိ) မြောက်ဦးမြို့နယ်တရားရုံးမာ ရုံးထုတ်ခကေလေ့ မြို့နယ်တရားသူကြီး ဒေါ် လဝန်းအိမ်က တခုလည်းမပြောခဘဲ ရုံးချိန်းထပ်ရွှိလိုက်တေလို့ သိရပါရေ။
အမှုကို ဒေနိ နိခင်းက ရုံးထုတ်ခကေလေ့ မြို့နယ်တရားသူကြီးဒေါ်လှဝင်းအိမ်က အကြောင်းပြချက်မည်မည်ရရမဟိဘဲ လာဖို့ စပ်တမ်ဘာ ၂၈ ရက်နိသို့ ရုံးချိန်းထပ်ရွှိလိုက်ပါရေ။
ဦးကျော်သိန်းလှိုင် (၄၆ နှစ်)ရေ မြောက်ဦးမြို့၊ ထမ္မရာဇ်ရပ်ကွက်မာ နီထိုင်လူဖြစ်ပြီးကေ ကုန်ခရေ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်နိ မြန်မာစစ်တပ် တပ်ဖွဲ့ဝင်တိက ထမ္မရာဇ်ရပ်ကွက်က နီအိမ်ထဲသို့ ဝင်ဖမ်းလားခစွာပါ။
ယင်းနောက် ဦးကျော်သိန်းလှိုင်ကို စရဖတပ်ဖွဲ့မှ ဗိုလ်ကြီး ကျော်ကျော်ထွန်းဆိုသူ တရားလိုလုပ်လို့ မြောက်ဦးမြို့နယ် တရားရုံးမာ ပုဒ်မ ၁၇(၁)နန့် အမှုဖွင့်တရားစွဲပနာ ရုံးထုတ်စစ်ဆီးနီရာ လိုပြသက်သီတိအားလုံးစစ်ဆီးပြီးလို့ အပြီးသတ်အမိန့်ချဖို့ရာ ကျန်နီရေလို့ဆိုပါရေ။
လက်ဟိမာ ဦးကျော်သိန်းလှိုင်ကို မြောက်ဦးမြို့မရဲစခန်း၌ ချုပ်နှောင်ထားပြီး အကြောင်းအမျိုးမျိုးပြကာ ရုံးချိန်းအရွှိခံနီရလို့ စွပ်စွဲခံရသူနန့်မိသားစုဝင်တိနစ်နာနီကတ်ရရေအတွက် အပြစ်ဟိကေပြစ်ဒဏ်ချ၊ အပြစ်မဟိကေ အယင်ဆုံးပြန် လွှတ်ပီးစီချင်ကြောင်းတောင်းဆိုနီကတ်ပါရေ။
