
APM ၊ စပ်တမ်ဘာ ၁၅ / ၂၀၂၃
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက ဒေနှစ် ပီးအပ်ဖို့ အကောင်းဆုံးကဇတ်သမားဆု The Best FIFA Mens Player ၂၀၂၃ အတွက် ဆန်ခါတင်ကဇတ်သမား ၁၂ ယောက် စာရင်းကို စပ်တမ်ဘာ ၁၄ ရက်နိက ထုတ်ပြန်ပါရေ။
ယင်းဆန်ခါတင်ကဇတ်သမားတိမာတော့ မန်စီးတီးကဇတ်သမားတိဖြစ်တေ ဟာလန်း၊ အယ်လ်ဗာရက်ဇ်၊ ဒီဘရိုင်းနား၊ ရိုဒရီ နန့် ဘာနာဒို ဆေးလ်ဗား ရို့ရွီးချယ်ခံခရပနာ နာပိုလီက အိုဆင်မန် နန့် ခဗာရက်စကယ်လီယာ၊ အာဆင်နယ်က ဒန်ကလန်ရိုက်စ်၊ ပီအက်စ်ဂျီက အမ်ဘာပေ၊ အင်တာမီယာမီက မက်ဆီ၊ အယ်လ်နာဆာက ဘရိုဇိုဗစ် နန့် ဘာစီလိုနာက ဂန်ဒိုဂန် ရို့ ရွီးချယ်ခံထားရပါရေ။
အမျိုးသားအကောင်းဆုံးကဇတ်သမားဆုအတွက် ဆန်ခါတင် ၁၂ ယောက်အပြင် အမျိုးသမီးကဇတ်သမားဆုအတွက် ၁၆ ယောက်၊ အကောင်းဆုံးအမျိုးသားနည်းပြဆုအတွက် ၅ ယောက်၊ အမျိုးသမီးနည်းပြဆုအတွက် ၅ ယောက်၊ အမျိုးသားအကောင်းဆုံး ဂိုးသမားဆုအတွက် ၅ ယောက်အပါအဝင် အမျိုးသမီးဂိုးသမားဆုအတွက် ဆန်ခါတင် ၇ ယောက်ကိုလည်း ယင်းနိမာပင် ရွီးချယ်ခကြောင်း သိရပါရေ။
၂၀၁၆ ခုနှစ်ကစပနာ နှစ်စဉ်ချီးမြှင့်လာရေ (၈) ကြိမ်မြောက် ဖီဖာ အကောင်းဆုံးဆုတိကို ပီးအပ်ဖို့အတွက် ကဇတ်သမားတိ၊ နည်းပြတိကို ရွီးချယ်ခစွာမာ ပြီးခရေ ၂၀၂၂ခုနှစ်၊ ဒီဇမ်ဘာ ၁၉ ရက်ကနီ ၂၀၂၃ ခုနှစ် သြဂတ်စ် ၂၃ ရက်နိအထိ အကောင်းဆုံး စွမ်းဆောင်ထားနိုင်လူတိရာ ရွီးချယ်ခစွာလို့ သိဟိရပါရေ။
Source- The nominees for the 2023 FIFA Best Player Award have been released/FIFA
Photo-BBC
