APM၊စပ်တမ်ဘာ ၁၅ / ၂၀၂၃
ကျောက်တော်မြို့နယ်၊ဘုရားပေါင်းနန့်တောင်ပေါက်ရွာကြားမာ ဒေနိ(စပ်တမ်ဘာ ၁၅ ရက်နိ)ညဇာ ၇နာရီကျော်က မြန်မာစစ်တပ် စစ်ကားတိုက်လို့ သက်ကြီးပိုင်းအရွယ် မူဆလင်အမျိုးသားတယောက်အပြင်းအထန် ဒဏ်ရာရလားရေလို့ သိရပါရေ။
စစ်ကားတိုက်ပစ်လို့ အပြင်းအထန်ဒဏ်ရာရလားရေလူမှာ ကျောက်တော်မြို့နယ်၊ တောင်ထောင်ရွာက ဦးအာယုခင်(၅၆နှစ်) ဖြစ်ပါရေ။
ဦးအာယုခင်စွာ ဒေနိညဇာ ၇ နာရီကျော်က အပေါက်ဝရွာကနီ စပါးဝယ်လို့ ကိုယ့်ရွာသို့ ဆိုင်ကယ်နန့်အပြန် ဘုရားပေါင်းရွာ နန့်တောင်ပေါက်ရွာအကြားမာ မြောက်ဦးကလာရေ မြန်မာစစ်တပ် စစ်ကားတစီး ဝင်တိုက်ပစ်ခစွာလို့ မျက်မြင်ဒေသခံတိ ကပြောပါရေ။
စစ်ကားတိုက်ခံရရေ ဦးအာယုခင်မှာ ညာဖက်လက်မောင်း အရိုးကျိုးလားရေအပြင် ခန္ဓာကိုယ်အနှံ့လည်း ဒဏ်ရာတိ အပြင်းအထန်ရလားခပါရေ။
လက်ဟိမှာ အနားဟိ ဒေသခံတိက ဦးအာယုခင်ကို ကျောက်တော်မြို့နယ်ပြည်သူဆီးရုံးသို့ ပို့ဆောင်လိုက်ပြီးကေ ဆီးရုံမာ အရေးပေါ်လူနာအဖြစ် ဆီးကုသမှုခံယူနီရရေလို့ သိရပါရေ။