
APM၊ စပ်တမ်ဘာ ၁၅ / ၂၀၂၃
မင်းပြားမြို့မာ ဒေနိ ( စပ်တမ်ဘာ ၁၅ ရက်နိ)ညဇာက မိုးကြိုးပစ်ခံရလို့ အမျိုးသမီးတယောက်သီဆုံးလားပြီးကေ နှစ်ယောက် ပြင်းပြင်းထန်ထန်ဒဏ်ရာရလားရေလို့ သိရပါရေ။
သီဆုံးလားလူမာ မင်းပြားမြို့၊ ဥက္ကာပျံရပ်ကွက်က ဒေါ်မတင်အေး (၅၁ နှစ်) ဖြစ်ပြီးကေ ဒဏ်ရာရလားလူမာ မောင်ဂျူလိုင်မိုး(၁၃ နှစ်)နန့် မသန်းမြင့်နိုင်(၁၇ နှစ်)ရို့ဖြစ်ကတ်ပါရေ။
ဒေါ်မတင်အေးစွာ ဒေနိ ညဇာ ၇ နာရီခွဲလောက်က နီအိမ်ခြံဝန်းအတွင်း ရီချိုးနီခါ မိုးကြိုးပစ်ခံလိုက်ရစွာပါ။
ယင်းမိုးကြိုးအပစ်ခံရမှုကြောင့် ဒေါ်မတင်အေးစွာ နီရာမှာပင် ပွဲချင်းဗြီး သီလားပြီးကေ ဘေးအိမ်က ဒေါ်မမိုး၏ သား မောင်ဂျူလိုင်မိုးနန့် သမီး မသန်းမြင့်နိုင်ရို့လည်း မိုးကြိုးစက်ကွင်းအတွင်း ဝင်ပါလားလို့ ပြင်းပြင်းထန်ထန်ဒဏ်ရာရလားပါရေ။
လက်ဟိမာ ယင်းဒဏ်ရာရလားလူ နှစ်ယောက်ကို မင်းပြားဆီးရုံကြီးသို့ ပို့ဆောင်ထားပနာ အရေးပေါ် ဆီးကုသမှုခံယူနီ ရပါရေ။
ဒေါ်မတင်အေး၏ ရုပ်အလောင်းကိုတော့ နက်ဖြန်(စပ်တမ်ဘာ ၁၆ ရက်နိ) နိခင်း ၁ နာရီအချိန် မင်းပြားမြို့မသင်္ချိုင်းမာ မီးသင်္ဂြိုလ်လားဖို့လို့ သိရပါရေ။
