
APM၊ စပ်တမ်ဘာ ၁၅ / ၂၀၂၃
အင်ဒိုနီးသျှားနိုင်ငံ၊ ရီအောပြည်နယ်မာ ဒေါ်လာဘီလီယံပေါင်းများစွာတန်ရေ တရုတ်ပိုင် ဖန်စက်ရုံနန့် စီးပွားရီးမြို့သစ် စီမံကိန်း အတွက် လူပေါင်းထောင်ချီပြောင်းရွှိခံရဖို့ အစိုးရအစီအစဉ်ကို ကန့်ကွက်ဆန္ဒပြမှုတိ မြင့်တက်နီပါရေ။
ရီအောပြည်နယ်ဟိ ရန်ပန်ကျွန်းထဲမာ အဆိုပါဖန်စက်ရုံနန့် မြို့သစ်စီမံကိန်း တည်ဆောက်ဖို့အတွက် ကမ်းရိုးတန်းဒေသခံ ၇,၅၀၀ လောက်ကို ၃၇ မိုင်လောက်ဝီးရေ ကုန်းတွင်းပိုင်းသို့ ရွှိပြောင်းရဖို့လို့ အစိုးရက ကြေညာခရေနောက်ပိုင်း လအတန်ကြာ ကန့်ကွက်ဆန္ဒပြမှုတိ ဖြစ်နီစွာပါ။
ကမ်းရိုးတန်းတလျောက်နီထိုင်ရေ ဒေသခံတိစွာ ဒေသထွက် ငါး၊ ကဏန်း၊ ပုစွန်နန့် တခြားပင်လယ်ထွက်ကုန်တိကို ရောင်းချ အသက်မွီးနီရေလူတိဖြစ်လို့ နီရာမရွှိပြောင်းခွင့်ရဖို့ တောင်းဆိုဆန္ဒပြနီကတ်စွာဖြစ်ပါရေ။
ဆန္ဒပြမှုတိစွာ နိတိုင်းနီးပါးဖြစ်နီပြီး ကုန်ခရေရက်တိအတွင်း ဆန္ဒပြသမားတိစွာ ရန်ပန်ကျွန်း၊ ဘတ်တန်မြို့နန့် ရီအောပြည်နယ် နီရာအများအပြားမာ ရဲတပ်ဖွဲ့နန့် စစ်တပ်လုံခြုံရီးတိကို ဆန့်ကျင်ဆန္ဒပြခကတ်ပါရေ။
ဆန္ဒပြမှုတိအတွင်း လုံခြုံရီးတပ်ဖွဲ့ဝင်တိရေ မီးသတ်ပိုက်နန့် မျက်ရည်ယိုဗုံးတိသုံးပနာ အင်အားအလွန်အကျွံသုံး ဖြိုခွင်းခ ရေလို့ စွပ်စွဲခံထားရပြီးကေ ဆန္ဒပြသမား အများအပြား ဖမ်းဆီးခံခရပါရေ။
အင်ဒိုနီးသျှားအစိုးရရေ အဆိုပါ ရန်ပန်ကျွန်းစီမံကိန်းအတွက် ဒေဂု စပ်တမ်ဘာလမကုန်ခင် ကန်းရိုးတန်းကျေးရွာတိက မဖြစ် မနီ ရွှိပြောင်းကတ်ဖို့ ဒေလအစောပိုင်းက ရုတ်တရက် ကြေညာစွာကြောင့် ဒေသခံတိ မကျေမနပ်ဖြစ်ပနာ ဆန္ဒပြမှုတိ ပြင်းထန် လာစွာ ဖြစ်ပါရေ။
Source Protests in Indonesia as thousands face eviction for Rempang Eco-City
Photo – Al Jazeera
