
APM ၊ စပ်တမ်ဘာ ၁၅ / ၂၀၂၃
ဒေနိ(စပ်တမ်ဘာ ၁၅ ရက်နိ)နိခင်းက စစ်တွေမြို့ထဲမာ ဒေါ်စောမြရာဇာလင်းဦးဆောင်ရေ ခွဲထွက် ALP အဖွဲ့က အဖွဲ့ဝင် တယောက် ပစ်သတ်ခံရရေ လို့ သတင်းရဟိပါရေ။
ပစ်သတ်ခံရလူစွာ ခွဲထွက် ALP အဖွဲ့ဝင် ခိုင်ဆိုးမိုက် ဆိုသူဖြစ်ပြီးကေ သူစွာ ပေါက်တောမြို့နယ်၊ ပိန္နဲချောင်းကျွန်း၊ သျှင်ရွာ ဇာတိလို့ ဒေသခံတိ ပြောကြားချက်ကိုကိုးကားပနာ ရက္ခိုင်အမျိုးသားမီဒီယာတခုဖြစ်တေ Arakan Bay News က ဖော်ပြထားပါရေ။
ဖြစ်စဉ်မာ ခိုင်ဆိုးမိုက်ကို ဒေနိနိခင်း ၁၂ နာရီကျော်က စစ်တွေမြို့၊ ကျောင်းကြီးလမ်းရပ်ကွက်၊ ကြီးနန်းရုံးရှိနားမာ ဆိုင်ကယ်စီးလာရေ လူတိက ပစ်သတ်ခစွာဖြစ်တေလို့ မျက်မြင်ဒေသခံတိက ဆိုပါရေ။
ဒေသခံတိပြောကြားချက်အရ ခိုင်ဆိုးမိုက်စွာ စစ်တွေမြို့ ၊နာဇီရွာ အခြီစိုက် လူမိုက်အုပ်စုဂေါင်းဆောင် တယောက်ဖြစ်တေ ပိုင် ခွဲထွက် ALP အဖွဲ့၏ ဆိုးသွမ်းအဖွဲ့ဝင်တိထဲက အဆိုးအမိုက်ဆုံးလူတယောက်ဖြစ်ပြီးကေ ရက္ခိုင်ပြည်သူလူထုကို လက်နက်အားကိုးနန့် အုပ်စုဖွဲ့အနိုင်ကျင့်ဗိုလ်ကျနီရေလူလို့လည်း ဆိုကတ်ပါရေ။
အလားတူ သူစွာ စစ်ကောင်စီ၏အကာအကွယ်ကိုယူပြီးကေ လူမိုက်တိမွီးစပ်ပနာ မိုက်ကြေးခွဲ ဆက်ကြေးတောင်းခြင်း၊ သူခိုးလက်ခံပစ္စည်းတိကို အရောင်းအဝယ်လုပ်ခြင်း၊ မသိနားမလည်၊ ရိုးသားရေ ပြည်သူရို့၏ အမှုအခင်းတိကို လက်ခံဖြီယှင်းရာမာ အနိုင်ကျင့်ငွေညှစ်ပနာအတင်းအဓမ္မ ဖြေယှင်းခြင်းတိကိုလုပ်ဆောင်နီရေလူလည်း ဖြစ်ပါရေ။
ယင်းအပြင် မူးယစ်ဆီးဝါးတိကို သူမွီးစပ်ထားရေ လူဆိုးသူခိုးတိကတဆင့် လက်လီဖြန့်ခြင်း၊ ယင်းလူဆိုးတိကို လုယက်မှု၊ ခိုးမှုတိကျူးလွန်ဖို့ စီစဉ်ညွှန်ကြားခြင်း၊ ဈီးဆိုင်တိ၊ ဆိုင်သည်တိဘားက မတရားသဖြင့် ငွေတောင်းခြင်း၊ ငွေတောင်းမရကေ လူကို ဖမ်းပနာ ငွေညှစ်ခြင်း၊ ပြန်ပီးဆွဲရေပုံစံမျိုးနန့် ငွေတောင်းခံခြင်း၊ အမျိုးသမီးတိကို အုပ်စုဖွဲ့ ကာယအိန္ဒြေ ပျက်ပြား အောင် ပြုကျင့်ခြင်း၊ အနိုင်ကျင့်ခြင်းစသဖြင့် မတရားရေနည်းလမ်းပေါင်းစုံကို သုံးပျာ လူမိုက်ဂိုဏ်းဆန်ဆန် ခိုး၊ဆိုး၊လုယက်၊ အုပ်စုဖွဲ့ အနိုင်ကျင့်နီရေ အုပ်စု၏ ဂေါင်းဆောင်၊ နောက်ကွယ်က အဓိကကြိုးကိုင်နီရေလူလို့လည်း ဒေသခံတိက ပြောပါရေ။
ယေဇူးနန့် ခိုင်ဆိုးမိုက် ပစ်သတ်ခံရမှုနန့်ပတ်သက်လို့ စစ်တွေဒေသခံတိကတော့ သူ၏အနိုင်ကျင့်မှုကို ခံစားနီကတ်ရရေ ပြည်သူတိက မခံမရပ်နိုင်ဖြစ်ပနာ ခိုင်ဆိုးမိုက်ကို ပစ်သတ်လိုက်စွာဖြစ်နိုင်ရေလို့ သုံးသပ်ပြော ဆိုနီကတ်ပါရေ။
Photo – ရွှီရောင်မိတ္တာဖောင်ဒေးသျှင်း
