
APM၊ စပ်တမ်ဘာ ၁၅/ ၂၀၂၃
ထိုင်းအစိုးရသစ်၏ အတိုက်အခံပါတီဖြစ်တေ MFP ပါတီဂေါင်းဆောင် ပီတာလင်ဂျာရိုရတ်စွာ ပါတီဂေါင်းဆောင်နီရာကနီ နှုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ကြောင်း ဒေနိ(စပ်တမ်ဘာ ၁၅ရက်)နိမှာ ထုတ်ပြန်ပြောကြားပါရေ။
အတိုက်အခံပါတီဂေါင်းဆောင် ပီတာကို မီဒီယာလုပ်ငန်းမှာ အစုသျှယ်ယာပါဝင်ရေဆိုရေ ကိစ္စနန့်ပတ်သက်လို့ ဖွဲ့စည်းပုံ အခြီခံ ဥပဒေရုံး အမိန့်နန့် လွှတ်တော်ကိုယ်စားလှယ်အဖြစ်က ဆိုင်းငံ့ထားစွာကြောင့် ပါတီအမှုဆောင်ကော်မတီဝင်တိ၊ လွှတ်တော်ကိုယ်စားလှယ်တိနန့် ဆွေးနွေးပြီးနောက် ပါတီဂေါင်းဆောင်အဖြစ်ကနီ နှုတ် ထွက်ဖို့ ဆုံးဖြတ်ခစွာလို့ ပီတာက ဆိုပါရေ။
ယင်းအပြင် အစိုးရမူဝါဒတိမပါဝင်ရေ ထိုင်းနိုင်ငံ၏ အပြောင်းအလဲကို မြှင့်တင်ဖို့ ပါလီမန်မာ အတိုက်အခံကို ရှိသို့ဦးဆောင်ဖို့ သူ့နီရာမာ ပါတီထဲက လွှတ်တော်အမတ်တဦးကို ရွီးချယ်ပြီးကေ ပါတီဂေါင်းဆောင်အဖြစ် ဦးဆောင်စီဖို့လို့ ပြောဆိုပါရေ။
ပါတီဂေါင်းဆောင်နီရာက နှူတ်ထွက်လိုက်ကေလေ့ ပီတာအနီနန့် နိုင်ငံရီးကနီ ထွက်ခွာလားဖို့စွာမဟုတ်ဘဲ ပါတီတွင်း လှုပ်ယှားမှု တိအပြင် မိတ်ဖက်ပါတီတိနန့်ပါ လက်တွဲပြီးကေ နိုင်ငံပြုပျင်ပြောင်းလဲရီးအတွက် လုပ်ဆောင်လားဖို့လို့ ဆိုပါရေ။
MFP ပါတီဂေါင်းဆောင် ပီတာလင်ဂျာရိုရတ်စွာ ထိုင်းနိုင်ငံရွီးကောက်ပွဲမာ အနိုင်ရခကေလေ့ ဝန်ကြီးချုပ်အဖြစ်ရွီးချယ်စွာမာ အတားအဆီးတိအမျိုးမျိုးကြောင့် ဝန်ကြီးချုပ်မဖြစ်ခစွာလို့ သိဟိရပါရေ။
Source – Pita quits as Move Forward Party leader
Photo The Nation
