APM၊ စပ်တမ်ဘာ ၁၅/၂၀၂၂
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA မှ အရေးပေါ် ကြေညာချက်ထုတ်ပြန်ပြီးနောက် ရက္ခိုင်ပြည်အတွင်းဗြီးဆွဲနီသည့် ရွှေပြည်တန် အမြန်ရီယာဉ်လိုင်းများကို စစ်ကောင်စီလက်အောက်ခံ ပြည်တွင်းရီကြောင်း ဦးစီးဌာန၏ ညွှန်ကြားချက်အရ ချက်ချင်း ရပ်နားလိုက်ရ ကြောင်း သိရသည်။
ရက္ခိုင်ပြည်သူ့အစိုးရအနီနန့် ကုန်းလမ်း၊ရီလမ်း ယာဉ်များအားလုံးကို စစ်ဆီးမှုများပြုလုပ်လားမည်ဖြစ်ကြောင်း ULA မှ စပ်တမ်ဘာ ၁၄ ရက်နိမှာ အရေးပေါ်ကြေညာခပြီး၊ ယင်းသို့ ထုတ်ပြန်အပြီး နာရီပိုင်းအတွင်းမှာ အမြန်ရီယာဥ်လိုင်းများကိုရပ်နားဖို့ စစ်ကောင်စီ၏ ပြည်တွင်းရီကြောင်း ဦးစီးဌာနမှ ဖုန်းဆက် ညွန်ကြားလာသဖြင့် တောင်ကုတ်ခရီးစဉ်မှလွဲ၍ ရွှေပြည်တန် အမြန်ရီယာဉ်အားလုံးကို ဒေနိ(စပ်တမ်ဘာ ၁၅ ရက်နိ)မှ စကာ ဗြီးဆွဲမှု ရပ်နားမည်ဟု ရွှေပြည်တန်ကုမ္ပဏီက ကြေညာထားသည်။
ကြိုတင်လက်မှတ်ဝယ်ထားသည့် ခရီးသည်များကိုလေ့ ငွေပြန်အမ်းမည်ဖြစ်ပြီး ငွေများအား ထုတ်ယူနိုင်ကြောင်းဖြင့် ရွှေပြည်တန် က ထုတ်ပြန်ထားသည်။
စစ်ကောင်စီက အဂုပိုင် အမြန်ရီယာဉ်လိုင်းများ ဗြီးဆွဲမှုကို လူမဆန်စွာ ပိတ်ပင်လိုက်သည့်အတွက် ရီလမ်းတခုတည်းကိုသာ အား ထားနီရသည့် ရသေ့တောင်၊ ဘူးသီးတောင်နန့် မောင်တောမြို့နယ် မှ ဒေသခံပြည်သူအားလုံး စားနပ်ရိက္ခာနန့် ဆီးဝါး ပြတ်လပ်မှုများ ကြုံတွိလာနိုင်ရေပိုင် ကုန်းဈီးနှုန်းအဆမတန်မြင့်တက်မှုများကိုလေ့ ရင်ဆိုင်လာနိုင်ကြောင်း ဒေသခံများအကြား သုံးသပ်ပြောဆို နီကတ်သည်။
စစ်ကောင်စီသည် ဒေရက်သတ္တပတ်အတွင်း ရက္ခိုင်ပြည်အနှံ့ဟိ ၎င်းရို့၏ တပ်စခန်းများသို့ ကုန်းလမ်း၊ ရီလမ်း၊ လီကြောင်း လမ်းများ ကိုအသုံးပြုပြီး အရပ်ဖက် လီယာဉ်၊ ကား၊ မော်တော်ဘုတ်၊ အမြန်ရီယာဉ်များဖြင့် အင်အားဖြည့်တင်းခြင်းများ ပြုလုပ်နီ၍ ကုန်းလမ်း၊ရီလမ်း ယာဉ်များအားလုံးကို စစ်ဆီးမှုများပြုလုပ်လားမည်ဟု ULA က စပ်တမ်ဘာ ၁၄ ရက်နိက အရေးပေါ် ကြေညာချက်ထုတ်ပြန်ခခြင်းဖြစ်သည်။
ကုန်းလမ်း၊ ရီလမ်း သယ်ယူပို့ဆောင်ရီးကိုပြုလုပ်နီကတ်သော ယာဉ်ပိုင်သျှင်များအနီနန့် ရက္ခိုင်ပြည်သူ့အစိုးရ၏ ဒေသဆိုင်ရာ နိုင်ငံ ရီးရုံး၊အုပ်ချုပ်ရီးရုံး၊နယ်မြီရုံးများတွင်သတင်းပို့၍လားလာကတ်ရန်နန့်စစ်ဆီးမှုများကိုကြည်ဖြူစွာခံယူကတ်ရန်အသိပီးကြောင်း၊ယင်း သို့ သတင်းမပို့ဘဲ လားလာခြင်းမပြုလုပ်ကတ်ရန် နန့် သတင်းမပို့ဘဲ လားလာ၍ ပြဿနာ တစုံတရာဖြစ်ပေါ်ပါက ယင်းသို့လားလာ ကတ်သူများ၏ တာဝန်သာဖြစ်ကြောင်းလေ့ ULA ၏ အရေးပေါ် ကြေညာချက်၌ အသိပီးထားပါသည်။
(Zawgyi)
ULA အရေးပေါ်ကြေညာပြီးနောက် ရွှေပြည်တန် အမြန်ရီယာဉ်လိုင်း ဗြီးဆွဲမှုများကို စစ်ကောင်စီ ရပ်ခိုင်း
APM၊ စပ်တမ်ဘာ ၁၅/၂၀၂၂