APM၊ သြဂတ်စ် ၁၅/၂၀၂၃
ပုဏ္ဏားကျွန်းမြို့နယ် စပါးထားကျေးရွာတွင် Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင့် တာတမံများ ကျိုးပေါက်ကာ ဆားငန်ရီဝင်ရောက်နီမှုကြောင့် လယ်ဧက ၁၀၀ ကျော်ပျက်စီးလား၍ လယ်သမားများ အခက်ကြုံနီကတ်ရကြောင်း သိရသည်။
ယင်းလယ်ဧကများမှာ စပါးထားရွာ အနောက်ဖက် လက်ပံကျွန်းတွင်ဟိပြီး ရွာသား ထက်ဝတ်လောက် နှစ်စဉ်လုပ်ကိုင်နီ သည့် လယ်ကွင်းဖြစ်သည်။
လက်ဟိတွင် ဆားငန်ရီ ဝင်ရောက်မှုကြောင့် ရွာသားများမှာ လယ်မထွန်ရဘဲ အခက်အခဲဖြစ်နီကြောင်း စပါးထားရွာသား များက ပြောသည်။
အဆိုပါလယ်ဧက ၁၀၀ ကျော်မှာ လက်ဟိတွင် ကျွဲနန့်နွားစားကွင်းရာဖြစ်နီပြီး တချို့လယ်သမားများမှာ လယ်မလုပ်ရဘဲ ရီလုပ်ငန်းများပြောင်းလဲလုပ်ကိုင်နီကတ်ရကာ စားဝတ်နီရီးအခက်ကြုံနီကတ်သည်ဟုဆိုသည်။
ယင်း လက်ပံကျွန်းကိုဆည်ရန် လယ်သမားများတွင် ငွေကြေး မတက်နိုင်၍ ပြင်ပအကူအညီများလိုအပ်နီကြောင်း သိဟိရ သည်။