
APM၊ ဩဂတ်စ် ၁၅/ ၂၀၂၃
အင်ဒိုနီးသျှားနိုင်ငံတွင် အစိုးရအနီနန့် အိမ်အကူအလုပ်သမားကို အကာအကွယ်ပီးမည့် ဥပဒေပြဌာန်းပီးရန် ဩဂတ်စ် ၁၄ ရက်နိမှစ၍ အိမ်အကူ အလုပ်သမားများနန့် တက်ကြွလှုပ်ယှားသူများက အစာငတ်ခံဆန္ဒပြမှုများ ပြုလုပ်နီကြောင်း သိရသည်။
ဆန္ဒပြမှုများသည် မြို့တော် ဂျာကာတာနန့် တခြားမြို့ကြီးများတွင် တပြိုင်နက်တည်းဖြစ်ပွားနီပြီး လွှတ်တော်မှ အိမ်အကူအလုပ် သမားများကို အကာအကွယ်ပီးမည့် ဥပဒေမူကြမ်းကို အတည်မပြုမချင်း အစာငတ်ခံဆန္ဒပြလားမည်ဟု အိမ်တွင်းအလုပ်သမားများဆိုင်ရာ အမျိုးသားစည်းရုံးရီးကွန်ရက်မှ ပြောကြားသည်။
ဂျကာတာမြို့ဟိ လွှတ်တော်ရှိတွင် ဆန္ဒပြသမား ၄၀ လောက်သည် လက်သုတ်ပုဝါများနန့် သန့်ယှင်းရီးသုံးပစ္စည်းများကို ခင်းကျင်းကာ အိမ်အကူများကြုံနီရသည့် စိန်ခေါ်မှုများကို ဖြေယှင်းပီးရန် တောင်းဆိုခကတ်သည်။
အင်ဒိုနီးသျှားတွင် အိမ်အကူအလုပ်သမားများအား ခွဲခြားဆက်ဆံမှု၊ အလွဲသုံးစားလုပ်မှုနန့် အရှက်ကွဲမှုပြဿနာများကို ဖြေယှင်းရန် ၂၀၀၄ ခုနှစ်မှစ၍ လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်တွင် အဆိုတင်သွင်းခသည်။
၂၀၂၀ခုနှစ်တွင် ဥပဒေပြုလွှတ်တော်သည် အဆိုပါဥပဒေမူကြမ်းအား ထောက်ခံရန် သဘောတူခကေလေ့ အောက်လွှတ်တော် ဂေါင်းဆောင်များက အုပ်ချုပ်ရီးဆိုင်ရာအကြောင်းပြချက်များနန့် ဥပဒေကို အတည်ပြုရန် ငြင်းဆိုခသည်။
သမ္မတ ဂျိုကို ဝီဒိုဒိုက နိုင်ငံ၏ အိမ်အကူ အလုပ်သမားများအတွက် ပိုမိုကောင်းမွန်သည့် အကာအကွယ်များပီးမည်ဆိုကာ ဥပဒေ မူကြမ်းအပေါ် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခပြီး ဥပဒေနန့် လူ့အခွင့်အရေးဝန်ကြီးဌာန၊ လူအင်အားဝန်ကြီးဌာနရို့ကို ဥပဒေ ကြမ်း အတည်ပြုနိုင်ရန် ညွှန်ကြားခကေလေ့ လက်ဟိအချိန်အထိ နှောင့်နှေးနီခြင်းဖြစ်သည်။
အင်ဒိုနီးသျှားသည် ကမ္ဘာတွင် အိမ်အကူအလုပ်သမား အများဆုံးနိုင်ငံဖြစ်ပြီး စုစုပေါင်း အိမ်အကူအလုပ်သမား ၄.၂ သန်း ဟိကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားရီးရာအဖွဲ့၏ စစ်တမ်းအရ သိရသည်။
စစ်တမ်းအရ အိမ်အကူအလုပ်သမားများသည် အားလပ်ချိန်မဟိဘဲ အလုပ်လုပ်ရခြင်း၊ လူမှုဖူလုံရီးမဟိခြင်း၊ အထီးကျန်ခြင်း အပြင် စီးပွားရီး၊ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှုများနန့် ရင်ဆိုင်နီရကြောင်း သိဟိရသည်။
Source – Indonesian protesters begin hunger strike as bill to protect domestic workers stalls in parliament
Photo – AP


