
APM ၊ ဩဂတ်စ် ၁၅ / ၂၀၂၃
ထိုင်းနိုင်ငံတွင် မျောက်ကျောက်ရောဂါကြောင့် ပထမဆုံးအကြိမ်အဖြစ် အမျိုးသားတယောက်သီဆုံးခကြောင်း ထိုင်းနိုင်ငံ ရောဂါ ထိန်းချုပ်ရီးဌာနက ဩဂတ်စ် ၁၄ ရက်နိတွင် ထုတ်ပြန်သည်။
မျောက်ကျောက်ရောဂါနန့် သီဆုံးခလူမှာ HIV ရောဂါအခံဟိသည့် အသက် ၃၄ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ကုန်ခသည့် ဩဂတ်စ် ၁၁ရက်နိက သီဆုံးခခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါအမျိုးသားကို ကုန်ခသည့် ဂျူလိုင် ၃ ရက်နိတွင် မျောက်ကျောက်ရောဂါကူးစက်ခံရမှုနန့် ချွန်ဘူရီ ပြည်နယ်ဟိ ပုဂ္ဂလိက ဆီးရုံတရုံတွင် ၄ ပတ်အကြာ ဆီးကုသမှုခံယူခကာ ဆီးရုံမှ ဆင်းပြီးနောက်ပိုင်း ပင်ပန်းခြင်း၊ အသက်သျှူ ရခက်ခဲခြင်းစသည့် လက္ခဏာများပြန်လည်ဖြစ်ပွားကာ သီဆုံးခသည်ဟု သိရသည်။
ဆီးစစ်ချက်များအရ သီဆုံးသူ၏ ကိုယ်ခန္ဓာတွင် အဖုများထွက်ခြင်း၊ အဆုတ်နန့် ဦးနှောက်ရို့တွင် ပိုးဝင်ခြင်း၊ သွီးဖြူဥ အရေအတွက် မြင့်မားခြင်း၊ ပြင်းထန်သည့် ကိုယ်ခံအားတုံပြန်မှုဆိုင်ရာ လက္ခာဏာများကို တွိဟိခရကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် ကုန်ခသည့် ဩဂတ်စ် ၈ ရက်နိအထိ မျောက်ကျောက် ရောဂါဖြစ်ပွားလူ ၁၈၉ ယောက်ဟိခပြီး ကူးစက်ခံခရ လူများ မှာ ထိုင်းနိုင်ငံသား ၁၆၁ ယောက်နန့် နိုင်ငံခြားသား ၂၈ ယောက်ဖြစ်ကာ ၎င်းရို့အထဲမှ လူနာ ၈၂ ယောက်သည် HIV ပိုး ကူးစက်ခံထားရကြောင်း ထိုင်းနိုင်ငံ၊ ရောဂါထိန်းချုပ်ရီးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
မျောက်ကျောက်ရောဂါပိုးသည် တိရစ္ဆာန်မှတဆင့် လူသို့ ကူးစက်ပြန့်ပွားစီနိုင်သည့် ဗိုင်းရပ်စ်တမျိုးဖြစ်ပြီး တကမ္ဘာလုံးတွင် မျောက် ကျောက်ရောဂါနန့် သီဆုံးလူ ၁၅၂ ယောက်ဟိလာကြောင်း သိဟိရသည်။
Source – Thailands first monkey pox related death reported
Photo – Bernama
