APM၊ သြဂတ်စ် ၁၅ / ၂၀၂၃
ရသေ့တောင် မြို့နယ်၊ ပြားချောင်းကြီး စစ်ဖီးယှောင်စခန်းတွင်လတ်တလော၌ စားနပ်ရိက္ခာအကူအညီများ လိုအပ်လျက်ဟိကြောင်း သိရသည်။
ပြားချောင်းကြီး စစ်ဖီးယှောင်စခန်းတွင်အိမ်ထောင်စု ၅၅ စု ၊ လူဦးရေ ၁၉၀ လောက် ခိုလှုံလျက်ဟိပြီး လတ်တလော စားဝတ်နီရီးမှာ လုံးဝ အဆင်မပြေဘဲ စားနပ်ရိက္ခာပြတ်လပ်လျက်အငတ်ဖီးဆိုက်မည့် အရေးနန့် ရင်ဆိုင်နီကတ်ရကြောင်း စစ်ဖီးယှောင်များက ပြောသည်။
ယင်းစခန်းဟိ လူနီအဆောင်များမှာ မုန်တိုင်းကြောင့် အားလုံး ပြိုပျက်လားခရပြီးနောက် လက်ဟိ၌ တာပေါ်လင်စများနန့် ယာယီအဆောင်များ ဆောက်လုပ်ကာ အဆင်ပြေပိုင် နီထိုင်နီကတ်ရသည်ဟုဆိုသည်။
ယင်းအပြင် ကျန်းမာရီးစောင့်ယှောက်မှုများလေ့ လိုအပ်နီပြီး သက်ကြီးပိုင်းနန့် အချေများမှာ ကျန်းမာရီးအခက်အခဲကို ဆိုးဆိုးဝါးဝါးရင်ဆိုင်နီကတ်ရသည်။
ယင်းစစ်ဖီးယှောင်များမှာ ကုန်ခသည့် ၂၀၁၈/၂၀၁၉ တိုက်ပွဲကာလကပင် အိုးအိမ်များကို စွန့်ခွာလာကတ်ရသူများဖြစ်ပြီး အများစုမှာ ရသေ့တောင်မြို့နယ်၊ င/တောက်တူချေ၊ သောင်းဒရား စသည့်ကျေးရွာများမှဖြစ်ကြောင်းသိရသည်။