APM၊ ဩဂတ်စ် ၁၅/၂၀၂၂
ရက္ခိုင်ပြည်နန့် ပလက်ဝဒေသ၌ ဩဂတ်စ် ၁၃ ရက်နိက စစ်ကောင်စီတပ်နန့် ရက္ခိုင့်တပ်တော် AA ရို့တိုက်ပွဲများဖြစ်ပွားခပြီး၊ စစ်ကောင်စီဖက်မှ အများအပြားကျဆုံးကာ စစ်အသုံးအဆောင်များအပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခ ကြောင်း ရက္ခိုင့်တပ်တော် AA က ဒေနိ(ဩဂတ်စ် ၁၅ ရက်နိ)တွင် မြန်မာဘာသာဖြင့် အောက်ပါအတိုင်းထုတ်ပြန်လိုက်သည်။
“ရက္ခိုင်ပြည် နှင့် ပလက်ဝဒေသ တိုက်ပွဲသတင်း”
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၁၅) ရက်
၂၀၂၂ ခုနှစ်၊ သြဂုတ်လ (၁၃) ရက်နေ့တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင်တပ်တော်တို့သည် ရက္ခိုင်ဒေသအတွင်း (၃) နေရာ နှင့် ပလက်ဝဒေသအတွင်း (၁) နေရာ စသည်ဖြင့် စုစုပေါင်း (၄) နေရာတို့၌ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
(၁) အဆိုပါနေ့၌ ပထမဆုံးသောတိုက်ပွဲမှာ ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်ကျေးရွာ၏ မြောက်ဖက် (၁.၅) ကီလိုမီတာအကွာအဝေး၌ မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်တပ်တို့ ပူးပေါင်းထားသော စစ်ကြောင်းတစ်ခုနှင့် ရက္ခိုင့်တပ်တော်တို့ ဖြစ်ပွားခဲ့သောတိုက်ပွဲဖြစ်သည်။ ၂၀၂၂ ခုနှစ်၊ သြဂုတ်လ (၁၃) ရက်၊ နံနက် (၇) နာရီ (၃၅) မိနစ်မှ နံနက် (၉) နာရီ (၃၀) မိနစ်ခန့်အထိ နှစ်နာရီနီးပါးခန့်ကြာမြင့်ခဲ့ပြီး ပြင်းထန်သောတိုက်ပွဲတစ်ပွဲဖြစ်ခဲ့သည်။
မြန်မာစစ်တပ်နှင့် ၎င်းတို့၏ ပူးပေါင်းတပ်သည် မိမိတို့ တပ်ဖွဲ့ဝင်များရှိရာနေရာသို့ ဝင်ရောက်လာ သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ နှစ်နာရီကြာ တိုက်ပွဲအတွင်း ရန်သူ့ဖက်မှ သေဆုံးသူ (၃၁) ဦးအထိ ရှိခဲ့ပြီး အထိအခိုက်အကျအဆုံးများခဲ့သည်။ မိမိတို့ဖက်မှလည်း အာရက္ခတိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးဆပ် စွန့်လွှတ်ခဲ့ရသောတပ်ဖွဲ့ဝင် အနည်းငယ် နှင့် ဒဏ်ရာရရှိသူအချို့ ရှိခဲ့သည်။
ရန်သူ၏ ၆၀ မမ ပြောင်းရှည်(၁) လက်၊ MA-3 (၁၅) လက်၊ MA-1 (၆) လက်၊ MA-4 (၂) လက်၊ ပီစတို (၁) လက်၊ ဆက်သွယ်ရေးစက် (၁) လုံး၊ GPS (၂) လုံး၊ ဂျန်မာစက် (၁) လုံး အပါအဝင် စစ်အသုံးအဆောင် ပစ္စည်းများ၊ လက်နက်ခဲယမ်း အများအပြား ကိုသိမ်းဆည်းရမိခဲ့သည်။
(၂) ဒုတိယတိုက်ပွဲမှာ ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကျောက်ပန်းဒူကျေးရွာ၏ မြောက်ဖက် (၂.၂) ကီလိုမီတာ အကွာအဝေး၌ သြဂုတ်လ (၁၃) ရက်၊ နေ့လယ် (၁၂) နာရီခန့်အချိန်တွင် မြန်မာစစ်တပ်၏ ခလရ (၂၇၀) နှင့် ရက္ခိုင့်တပ်တော်တို့ ထပ်မံဖြစ်ပွားခဲ့သောတိုက်ပွဲဖြစ်သည်။
တစ်နာရီခွဲကျော်ကြာဖြစ်ပွားခဲ့သော ဤတိုက်ပွဲအတွင်း၌လည်း ရန်သူ့ဖက်မှ မျက်မြင် (၆) ဦးကျဆုံးပြီး ဒဏ်ရာရသူ အများအပြားလည်းရှိခဲ့သည်။ မိမိတို့ဖက်မှ အလတ်စား ဒဏ်ရာရသူ (၂) ဦးမှလွဲ၍ ကျဆုံးသူများမရှိခဲ့ဘဲ ရန်သူ၏ လက်နက်ငယ် (၄) လက် အပါအဝင် ခဲယမ်း၊ စစ်အသုံးအဆောင် ပစ္စည်းများ၊ ဆေးဝါးရိက္ခာများကို ထပ်မံသိမ်းဆည်း ရမိခဲ့သည်။
(၃) တတိယတိုက်ပွဲမှာ ရက္ခိုင်-ဘင်္ဂလာနယ်စပ် မိုင်တိုင်အမှတ် (၄၀) အနောက်တောင်ဖက် (၁) ကီလိုမီတာ အကွာအဝေးတွင် သြဂုတ်လ (၁၃) ရက်၊ နံနက် (၁၁) နာရီ (၃၀) မိနစ်အချိန်တွင် မြန်မာစစ်တပ်၏ ခမရ (၃၅၂) တပ်ရင်းသည် မိမိတို့ ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များရှိရာ စခန်းသို့ တိုက်ခိုက်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြင်းထန်ခဲ့သည်။ ရန်သူသည် မိမိတို့အား နေရာ (၃) နေရာမှ ထိုးစစ်ဆင်တိုက်ခိုက်ရန်ကြိုးစားခဲ့သောကြောင့် တိုက်ပွဲသည် ညနေ (၅) နာရီကျော်အထိ ဆက်လက်ရှိနေခဲ့သည်။ ကြိုကြားကြိုကြား ပစ်ခတ်တိုက်ခိုက်မှုများနှင့် ရန်သူ့လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုမှာ ည (၈) နာရီအထိရှိခဲ့သည်။
တိုက်ပွဲဖြစ်ပွားခဲ့သော မိုင်တိုင် (၄၀) နေရာပတ်ဝန်းကျင်၌ ယခုကဲ့သို့သော ကြီးကြီးမားမား တိုက်ပွဲမရှိခဲ့သော်လည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက် နေခဲ့ကြသည်မှာ နှစ်ပတ်ခန့်ရှိခဲ့ပြီး သြဂုတ်လ (၁၃) ရက်နေ့တွင်မှ ရန်သူသည် မိမိတို့အား ထိုးစစ်ကို စတင်ပြုလုပ်ခဲ့သောကြောင့် တိုက်ပွဲမှာ ပြင်းထန်ခြင်းနှင့်အတူ ရန်သူလည်း အထိနာခဲ့သည်။
အဆိုပါတိုက်ပွဲအတွင်း ရန်သူ့လက်နက်ကြီး၊ လက်နက်ငယ် အချို့၊ ပီစတို (၂) လက်၊ MG 43 စက်သေနတ် (၁) ခု၊ ဒရုန်း (၂) စီး၊ Jammer (၁) ခု၊ ဆက်သွယ်ရေး ဂြိုလ်တုဖုန်း (၁) လုံး၊ မိုင်းမျိုးစုံ အပါအဝင် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း၊ ဆေးဝါး၊ ရိက္ခာအမြောက်အမြားပါဝင်သော ခြင်းကျားအလုံး (၃၀) ကျော်ကိုသိမ်းဆည်းရ မိခဲ့သည်။
(၄) သြဂုတ်လ (၁၃) ရက်နေ့တွင် ပလက်ဝမြို့နယ်၊ သဌေးကုန်းကျေးရွာမြောက်ဖက် (၁.၂) ကီလိုမီတာအကွာ အဝေး၌လည်း နှစ်ဖက်အပြန်အလှန် ထိတွေ့တိုက်ခိုက်မှုများရှိခဲ့သည်။ ဤနေရာ၌လည်း နှစ်ဖက်တပ်များ ထိတွေ့တိုက်ပွဲဖြစ်ပွားနေခဲ့သည်မှာ နှစ်ပတ်ခန့်ရှိခဲ့ပြီဖြစ်သည်။ သို့သော်လည်း မြန်မာစစ်တပ်ဖက်မှ မိမိတို့ရှိရာ နေရာသို့ အဝေးမှ လက်နက်ကြီးများကို အဓိကအားကိုးပြီး ပစ်ခတ်နေပြီး ရန်သူသည် မြေပြင်မှ မတက်လာ သောကြောင့် တိုက်ပွဲများ ကြီးမားစွာဖြစ်ပွားခြင်း မရှိသေးပါ။ ဤတိုက်ပွဲအတွင်းရန်သူ့ဖက်မှ အထိအခိုက်၊ အကျအဆုံးကို မသိခဲ့ရပါ။
ဩဂုတ်လ (၁၃) ရက်နေ့ တိုက်ပွဲများအတွင်း မိမိတို့ဖက်မှ ရန်သူ့သုံ့ပန်း တစ်ဦးကိုမှ လက်ရဖမ်းဆီးခဲ့ခြင်းမရှိဘဲ လက်နက်ကြီး၊ လက်နက်ငယ်၊ စစ်အသုံးအဆောင်ပစ္စည်းများကိုသာ သိမ်းဆည်းရမိခဲ့သည်။
သြဂုတ်လ (၁၄) ရက်နေ့၌ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲများမရှိသော်လည်း မြန်မာစစ်တပ်သည် ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သော နေရာများသို့သာမက တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိသောနေရာများသို့ပါ ၎င်းတို့အခြေချ အထိုင် စခန်းများ၊ လှုပ်ရှားစစ်ကြောင်းများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို နံနက် (၁၀) နာရီ (၃၀) မိနစ်ခန့်မှ စတင်ပြီး တစ်နေ့လုံးနီးပါး တောက်လျှောက်ပြုလုပ်နေခဲ့သည်။
သြဂုတ်လ (၁၅) ရက်နေ့တွင်လည်း မြန်မာစစ်တပ်သည် လက်နက်၊ ခဲယမ်း၊ လူအင်အား ရွှေ့ပြောင်းခြင်းများကို ရဟတ်ယာဉ်၊ စစ်သင်္ဘော၊ စစ်ကားကြီးများဖြင့် ရက္ခိုင်ဒေသအနှံ့ ရွှေ့ပြောင်းလျက်ရှိနေသောကြောင့် တိုက်ပွဲများ ယခုထက် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားလာနိုင်ဖွယ်ရှိသည်။
အလားတူ မြန်မာစစ်တပ်သည် လက်နက်ကြီးများဖြင့် မိမိတို့တပ်စခန်းရှိရာနေရာများသို့ ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drone ဒရုန်းများပေါ်မှ ဗုံးချတိုက်ခိုက်ခြင်းများကို ဆက်တိုက်ပြုလုပ်လျက်ရှိသောကြောင့် တိုက်ပွဲဧရိယာမှာ ပိုမိုများပြားလျက် ရှိပြီး တကျော့ပြန်တိုက်ပွဲများမှတဆင့် ရက္ခိုင်ပြည်အနှံ့၊ မြန်မာတစ်နိုင်ငံလုံးအနှံ့ ပိုမို များပြားလာဖွယ်ရှိသည်။
မိမိတို့အနေဖြင့်လည်း မြန်မာစစ်တပ်၏ စစ်ဆင်ရေး၊ ထိုးစစ်များကို မိတ်ဖက်အဖွဲ့အစည်းများ၊ ညီနောင်မဟာမိတ်အဖွဲ့ အစည်းများ၊ မိမိတို့ ပြည်သူလူထုတစ်ရပ်လုံးနှင့် ဟန်ချက်ညီညီပူးပေါင်းကာ ပြန်လည်ခုခံ တိုက်ခိုက်သွားမည်ဖြစ်သည်။
မိဘပြည်သူများအနေဖြင့်လည်း စစ်ရေးသတိ၊ အသွားအလာသတိများကို အထူးဂရုပြုကြပါရန်ကိုလည်း ရက္ခိုင် အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်မှ ထပ်မံတိုက်တွန်းလိုက်ပါသည်။
သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်
(Zawgyi)
ရကၡိဳင္ျပည္နန႔္ ပလက္ဝေဒသ၌ စစ္ေကာင္စီတပ္နန႔္ AA ႐ို႕တိုက္ပြဲမ်ားျဖစ္ပြားခၿပီး၊ စစ္ေကာင္စီဖက္မွ အမ်ားအျပားက်ဆုံးကာ စစ္အသုံးအေဆာင္မ်ားအပါအဝင္ လက္နက္ခဲယမ္းအမ်ားအျပား သိမ္းဆည္းရမိခေၾကာင္း AA ထုတ္ျပန္
APM၊ ဩဂတ္စ္ ၁၅/၂၀၂၂
ရကၡိဳင္ျပည္နန႔္ ပလက္ဝေဒသ၌ ဩဂတ္စ္ ၁၃ ရက္နိက စစ္ေကာင္စီတပ္နန႔္ ရကၡိဳင့္တပ္ေတာ္ AA ႐ို႕တိုက္ပြဲမ်ားျဖစ္ပြားခၿပီး၊ စစ္ေကာင္စီဖက္မွ အမ်ားအျပားက်ဆုံးကာ စစ္အသုံးအေဆာင္မ်ားအပါအဝင္ လက္နက္ခဲယမ္းအမ်ားအျပား သိမ္းဆည္းရမိခ ေၾကာင္း ရကၡိဳင့္တပ္ေတာ္ AA က ေဒနိ(ဩဂတ္စ္ ၁၅ ရက္နိ)တြင္ ျမန္မာဘာသာျဖင့္ ေအာက္ပါအတိုင္းထုတ္ျပန္လိုက္သည္။
“ရကၡိဳင္ျပည္ ႏွင့္ ပလက္ဝေဒသ တိုက္ပြဲသတင္း”
၂၀၂၂ ခုႏွစ္၊ ဩဂုတ္လ (၁၅) ရက္
၂၀၂၂ ခုႏွစ္၊ ၾသဂုတ္လ (၁၃) ရက္ေန႔တြင္ ျမန္မာစစ္တပ္ႏွင့္ ရကၡိဳင္တပ္ေတာ္တို႔သည္ ရကၡိဳင္ေဒသအတြင္း (၃) ေနရာ ႏွင့္ ပလက္ဝေဒသအတြင္း (၁) ေနရာ စသည္ျဖင့္ စုစုေပါင္း (၄) ေနရာတို႔၌ တိုက္ပြဲမ်ား ျပင္းထန္စြာ ျဖစ္ပြားခဲ့သည္။
(၁) အဆိုပါေန႔၌ ပထမဆုံးေသာတိုက္ပြဲမွာ ရကၡိဳင္ျပည္၊ ရေသ့ေတာင္ၿမိဳ႕နယ္၊ ဒုံးပိုက္ေက်း႐ြာ၏ ေျမာက္ဖက္ (၁.၅) ကီလိုမီတာအကြာအေဝး၌ ျမန္မာစစ္တပ္ႏွင့္ နယ္ျခားေစာင့္တပ္တို႔ ပူးေပါင္းထားေသာ စစ္ေၾကာင္းတစ္ခုႏွင့္ ရကၡိဳင့္တပ္ေတာ္တို႔ ျဖစ္ပြားခဲ့ေသာတိုက္ပြဲျဖစ္သည္။ ၂၀၂၂ ခုႏွစ္၊ ၾသဂုတ္လ (၁၃) ရက္၊ နံနက္ (၇) နာရီ (၃၅) မိနစ္မွ နံနက္ (၉) နာရီ (၃၀) မိနစ္ခန႔္အထိ ႏွစ္နာရီနီးပါးခန႔္ၾကာျမင့္ခဲ့ၿပီး ျပင္းထန္ေသာတိုက္ပြဲတစ္ပြဲျဖစ္ခဲ့သည္။
ျမန္မာစစ္တပ္ႏွင့္ ၎တို႔၏ ပူးေပါင္းတပ္သည္ မိမိတို႔ တပ္ဖြဲ႕ဝင္မ်ားရွိရာေနရာသို႔ ဝင္ေရာက္လာ ေသာေၾကာင့္ တိုက္ပြဲျဖစ္ပြားခဲ့ျခင္းျဖစ္သည္။ ႏွစ္နာရီၾကာ တိုက္ပြဲအတြင္း ရန္သူ႔ဖက္မွ ေသဆုံးသူ (၃၁) ဦးအထိ ရွိခဲ့ၿပီး အထိအခိုက္အက်အဆုံးမ်ားခဲ့သည္။ မိမိတို႔ဖက္မွလည္း အာရကၡတိုင္းျပည္ႏွင့္ လူမ်ိဳးအတြက္ အသက္ေပးဆပ္ စြန႔္လႊတ္ခဲ့ရေသာတပ္ဖြဲ႕ဝင္ အနည္းငယ္ ႏွင့္ ဒဏ္ရာရရွိသူအခ်ိဳ႕ ရွိခဲ့သည္။
ရန္သူ၏ ၆၀ မမ ေျပာင္းရွည္(၁) လက္၊ MA-3 (၁၅) လက္၊ MA-1 (၆) လက္၊ MA-4 (၂) လက္၊ ပီစတို (၁) လက္၊ ဆက္သြယ္ေရးစက္ (၁) လုံး၊ GPS (၂) လုံး၊ ဂ်န္မာစက္ (၁) လုံး အပါအဝင္ စစ္အသုံးအေဆာင္ ပစၥည္းမ်ား၊ လက္နက္ခဲယမ္း အမ်ားအျပား ကိုသိမ္းဆည္းရမိခဲ့သည္။
(၂) ဒုတိယတိုက္ပြဲမွာ ရကၡိဳင္ျပည္၊ ေမာင္ေတာၿမိဳ႕နယ္၊ ေက်ာက္ပန္းဒူေက်း႐ြာ၏ ေျမာက္ဖက္ (၂.၂) ကီလိုမီတာ အကြာအေဝး၌ ၾသဂုတ္လ (၁၃) ရက္၊ ေန႔လယ္ (၁၂) နာရီခန႔္အခ်ိန္တြင္ ျမန္မာစစ္တပ္၏ ခလရ (၂၇၀) ႏွင့္ ရကၡိဳင့္တပ္ေတာ္တို႔ ထပ္မံျဖစ္ပြားခဲ့ေသာတိုက္ပြဲျဖစ္သည္။
တစ္နာရီခြဲေက်ာ္ၾကာျဖစ္ပြားခဲ့ေသာ ဤတိုက္ပြဲအတြင္း၌လည္း ရန္သူ႔ဖက္မွ မ်က္ျမင္ (၆) ဦးက်ဆုံးၿပီး ဒဏ္ရာရသူ အမ်ားအျပားလည္းရွိခဲ့သည္။ မိမိတို႔ဖက္မွ အလတ္စား ဒဏ္ရာရသူ (၂) ဦးမွလြဲ၍ က်ဆုံးသူမ်ားမရွိခဲ့ဘဲ ရန္သူ၏ လက္နက္ငယ္ (၄) လက္ အပါအဝင္ ခဲယမ္း၊ စစ္အသုံးအေဆာင္ ပစၥည္းမ်ား၊ ေဆးဝါးရိကၡာမ်ားကို ထပ္မံသိမ္းဆည္း ရမိခဲ့သည္။
(၃) တတိယတိုက္ပြဲမွာ ရကၡိဳင္-ဘဂၤလာနယ္စပ္ မိုင္တိုင္အမွတ္ (၄၀) အေနာက္ေတာင္ဖက္ (၁) ကီလိုမီတာ အကြာအေဝးတြင္ ၾသဂုတ္လ (၁၃) ရက္၊ နံနက္ (၁၁) နာရီ (၃၀) မိနစ္အခ်ိန္တြင္ ျမန္မာစစ္တပ္၏ ခမရ (၃၅၂) တပ္ရင္းသည္ မိမိတို႔ ရကၡိဳင့္တပ္ေတာ္ တပ္ဖြဲ႕ဝင္မ်ားရွိရာ စခန္းသို႔ တိုက္ခိုက္လာေသာေၾကာင့္ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး ျပင္းထန္ခဲ့သည္။ ရန္သူသည္ မိမိတို႔အား ေနရာ (၃) ေနရာမွ ထိုးစစ္ဆင္တိုက္ခိုက္ရန္ႀကိဳးစားခဲ့ေသာေၾကာင့္ တိုက္ပြဲသည္ ညေန (၅) နာရီေက်ာ္အထိ ဆက္လက္ရွိေနခဲ့သည္။ ႀကိဳၾကားႀကိဳၾကား ပစ္ခတ္တိုက္ခိုက္မႈမ်ားႏွင့္ ရန္သူ႔လက္နက္ႀကီး ပစ္ခတ္တိုက္ခိုက္မႈမွာ ည (၈) နာရီအထိရွိခဲ့သည္။
တိုက္ပြဲျဖစ္ပြားခဲ့ေသာ မိုင္တိုင္ (၄၀) ေနရာပတ္ဝန္းက်င္၌ ယခုကဲ့သို႔ေသာ ႀကီးႀကီးမားမား တိုက္ပြဲမရွိခဲ့ေသာ္လည္း လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ အျပန္အလွန္ပစ္ခတ္တိုက္ခိုက္ ေနခဲ့ၾကသည္မွာ ႏွစ္ပတ္ခန႔္ရွိခဲ့ၿပီး ၾသဂုတ္လ (၁၃) ရက္ေန႔တြင္မွ ရန္သူသည္ မိမိတို႔အား ထိုးစစ္ကို စတင္ျပဳလုပ္ခဲ့ေသာေၾကာင့္ တိုက္ပြဲမွာ ျပင္းထန္ျခင္းႏွင့္အတူ ရန္သူလည္း အထိနာခဲ့သည္။
အဆိုပါတိုက္ပြဲအတြင္း ရန္သူ႔လက္နက္ႀကီး၊ လက္နက္ငယ္ အခ်ိဳ႕၊ ပီစတို (၂) လက္၊ MG 43 စက္ေသနတ္ (၁) ခု၊ ဒ႐ုန္း (၂) စီး၊ Jammer (၁) ခု၊ ဆက္သြယ္ေရး ၿဂိဳလ္တုဖုန္း (၁) လုံး၊ မိုင္းမ်ိဳးစုံ အပါအဝင္ လက္နက္ခဲယမ္း၊ စစ္အသုံးအေဆာင္ပစၥည္း၊ ေဆးဝါး၊ ရိကၡာအေျမာက္အျမားပါဝင္ေသာ ျခင္းက်ားအလုံး (၃၀) ေက်ာ္ကိုသိမ္းဆည္းရ မိခဲ့သည္။
(၄) ၾသဂုတ္လ (၁၃) ရက္ေန႔တြင္ ပလက္ဝၿမိဳ႕နယ္၊ သေဌးကုန္းေက်း႐ြာေျမာက္ဖက္ (၁.၂) ကီလိုမီတာအကြာ အေဝး၌လည္း ႏွစ္ဖက္အျပန္အလွန္ ထိေတြ႕တိုက္ခိုက္မႈမ်ားရွိခဲ့သည္။ ဤေနရာ၌လည္း ႏွစ္ဖက္တပ္မ်ား ထိေတြ႕တိုက္ပြဲျဖစ္ပြားေနခဲ့သည္မွာ ႏွစ္ပတ္ခန႔္ရွိခဲ့ၿပီျဖစ္သည္။ သို႔ေသာ္လည္း ျမန္မာစစ္တပ္ဖက္မွ မိမိတို႔ရွိရာ ေနရာသို႔ အေဝးမွ လက္နက္ႀကီးမ်ားကို အဓိကအားကိုးၿပီး ပစ္ခတ္ေနၿပီး ရန္သူသည္ ေျမျပင္မွ မတက္လာ ေသာေၾကာင့္ တိုက္ပြဲမ်ား ႀကီးမားစြာျဖစ္ပြားျခင္း မရွိေသးပါ။ ဤတိုက္ပြဲအတြင္းရန္သူ႔ဖက္မွ အထိအခိုက္၊ အက်အဆုံးကို မသိခဲ့ရပါ။
ဩဂုတ္လ (၁၃) ရက္ေန႔ တိုက္ပြဲမ်ားအတြင္း မိမိတို႔ဖက္မွ ရန္သူ႔သုံ႔ပန္း တစ္ဦးကိုမွ လက္ရဖမ္းဆီးခဲ့ျခင္းမရွိဘဲ လက္နက္ႀကီး၊ လက္နက္ငယ္၊ စစ္အသုံးအေဆာင္ပစၥည္းမ်ားကိုသာ သိမ္းဆည္းရမိခဲ့သည္။
ၾသဂုတ္လ (၁၄) ရက္ေန႔၌ ႏွစ္ဖက္ရင္ဆိုင္တိုက္ပြဲမ်ားမရွိေသာ္လည္း ျမန္မာစစ္တပ္သည္ ယမန္ေန႔က တိုက္ပြဲျဖစ္ပြားခဲ့ေသာ ေနရာမ်ားသို႔သာမက တိုက္ပြဲျဖစ္ပြားခဲ့ျခင္းမရွိေသာေနရာမ်ားသို႔ပါ ၎တို႔အေျခခ် အထိုင္ စခန္းမ်ား၊ လႈပ္ရွားစစ္ေၾကာင္းမ်ားမွ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္မႈမ်ားကို နံနက္ (၁၀) နာရီ (၃၀) မိနစ္ခန႔္မွ စတင္ၿပီး တစ္ေန႔လုံးနီးပါး ေတာက္ေလွ်ာက္ျပဳလုပ္ေနခဲ့သည္။
ၾသဂုတ္လ (၁၅) ရက္ေန႔တြင္လည္း ျမန္မာစစ္တပ္သည္ လက္နက္၊ ခဲယမ္း၊ လူအင္အား ေ႐ႊ႕ေျပာင္းျခင္းမ်ားကို ရဟတ္ယာဥ္၊ စစ္သေဘၤာ၊ စစ္ကားႀကီးမ်ားျဖင့္ ရကၡိဳင္ေဒသအႏွံ႔ ေ႐ႊ႕ေျပာင္းလ်က္ရွိေနေသာေၾကာင့္ တိုက္ပြဲမ်ား ယခုထက္ က်ယ္က်ယ္ျပန႔္ျပန႔္ျဖစ္ပြားလာႏိုင္ဖြယ္ရွိသည္။
အလားတူ ျမန္မာစစ္တပ္သည္ လက္နက္ႀကီးမ်ားျဖင့္ မိမိတို႔တပ္စခန္းရွိရာေနရာမ်ားသို႔ ပစ္ခတ္တိုက္ခိုက္ျခင္း၊ Drone ဒ႐ုန္းမ်ားေပၚမွ ဗုံးခ်တိုက္ခိုက္ျခင္းမ်ားကို ဆက္တိုက္ျပဳလုပ္လ်က္ရွိေသာေၾကာင့္ တိုက္ပြဲဧရိယာမွာ ပိုမိုမ်ားျပားလ်က္ ရွိၿပီး တေက်ာ့ျပန္တိုက္ပြဲမ်ားမွတဆင့္ ရကၡိဳင္ျပည္အႏွံ႔၊ ျမန္မာတစ္ႏိုင္ငံလုံးအႏွံ႔ ပိုမို မ်ားျပားလာဖြယ္ရွိသည္။
မိမိတို႔အေနျဖင့္လည္း ျမန္မာစစ္တပ္၏ စစ္ဆင္ေရး၊ ထိုးစစ္မ်ားကို မိတ္ဖက္အဖြဲ႕အစည္းမ်ား၊ ညီေနာင္မဟာမိတ္အဖြဲ႕ အစည္းမ်ား၊ မိမိတို႔ ျပည္သူလူထုတစ္ရပ္လုံးႏွင့္ ဟန္ခ်က္ညီညီပူးေပါင္းကာ ျပန္လည္ခုခံ တိုက္ခိုက္သြားမည္ျဖစ္သည္။
မိဘျပည္သူမ်ားအေနျဖင့္လည္း စစ္ေရးသတိ၊ အသြားအလာသတိမ်ားကို အထူးဂ႐ုျပဳၾကပါရန္ကိုလည္း ရကၡိဳင္ အမ်ိဳးသားအဖြဲ႕ခ်ဳပ္/ရကၡိဳင့္တပ္ေတာ္မွ ထပ္မံတိုက္တြန္းလိုက္ပါသည္။
သတင္းႏွင့္ျပန္ၾကားေရး
ရကၡိဳင့္တပ္ေတာ္