APM ၊ ဂျူလိုင် ၁၅ / ၂၀၂၃
အာဆီယံနိုင်ငံခြားရီးဝန်ကြီးများအစည်းအဝေးမှထုတ်ပြန်သည့် မြန်မာအရေးနန့်ပတ်သက်၍ ထုတ်ပြန်ချက်မှာ အာဆီယံ ပဋိညာဉ်ပါ မူများနန့် ကိုက်ညီမှုမဟိဆိုကာ စစ်ကောင်စီက ဂျူလိုင် ၁၄ ရက်နိတွင်ကြေညာချက်ထုတ်၍ ပယ်ချလိုက်သည်။
အင်ဒိုနီးသျှားနိုင်ငံ၊ ဂျကာတာမြို့တွင် ဂျူလိုင် ၁၁ရက်နိမှ ၁၄ ရက်နိအထိကျင်းပသည့် (၅၆) ကြိမ်မြောက် အာဆီယံနိုင်ငံခြား ရီးဝန်ကြီးများ အစည်းအဝေးမှ ထုတ်ပြန်သည့် ပူးတွဲကြေညာချက်၌ မြန်မာပြည်နန့်ပတ်သက်၍ တဖက်သတ် မမျှမတ ဖော်ပြထားသည့် အချက်အလက်များပါသည့်အတွက်အလွန်စိတ်ပျက်မိသည်ဟုစစ်ကောင်စီကဆိုသည်။
အာဆီယံပူးတွဲကြေညာချက်တွင် စစ်ကောင်စီ၏ ဒီမိုကရေစီနိုင်ငံထူထောင်ရီး ကြိုးပမ်းမှုများနန့် သဘောထားရပ်တည် ချက်များကို ထည့်သွင်းခြင်းမဟိဘဲ မြန်မာ့ပြည်တွင်းရီးအခြေအနီများကို တဖက်သတ်ဖော်ပြထားသည်ဟု တုံ့ပြန်သည်။
အာဆီယံနိုင်ငံခြားရီးဝန်ကြီးများ၏ ပူးတွဲကြေညာချက်အပါအဝင် မည်သည့် ထုတ်ပြန်ချက်တွင်မဆို နိုင်ငံတနိုင်ငံကို သီးခြား ပစ်မှတ်ထား၍ ပြည်တွင်းရီးကိစ္စကိုရာ ဖော်ပြချက်သည် အာဆီယံပဋိညာဉ်စာတမ်းတွင် ပြဋ္ဌာန်းထားသည့် ဝင်ရောက်မစွက်ဖက်ရီးမှု နန့် သွေဖီနီ၍ မည်သည့်အခါတွင်မှ လက်ခံမည်မဟုတ်ဟု စစ်ကောင်စီက ပြောပါသည်။
ယင်းအပြင် စစ်ကောင်စီအနီနန့် ရှိလုပ်ငန်းစဉ် (၅)ရပ်နန့်အညီ ဒီမိုကရေစီပြန်လည် ဖော်ဆောင်ရီး၊ နိုင်ငံတည်ငြိမ်အီးချမ်းမှု ရဟိရီးကိုဆက်လက် ဆောင်ရွက်လားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Photo – Asean