APM ၊ ဂျူလိုင် ၁၅ / ၂၀၂၃
ကျောက်တော်မြို့နယ်၊ ဝါးတောင်စစ်ဖီးယှောင်စခန်းတွင် လတ်တလော စားနပ်ရိက္ခာနန့်အခြီခံလူသုံးကုန်ပစ္စည်း အရေးပေါ် လိုအပ်လျက်ဟိကြောင်းသိရသည်။
အဆိုပါ စစ်ဖီးယှောင်စခန်း၌ ခိုလှုံနီကတ်သူများမှာ ပြီးခသည့် ၂၀၁၈/ ၁၉ တိုက် ပွဲကာလကပင် နီရပ်စွန့်ခွာ တိမ်းယှောင်လာ ကတ်သူများဖြစ်ပြီး၊ အများစုမှာ ယိုးချောင်းဒေသမှ ဒေသခံများ ဖြစ်ကတ်သည်။
မေ ၁၄ ရက်နိက တိုက်ခတ်ခသည့် Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင့် ယင်းစစ်ဖီးယှောင်စခန်းဟိ နီအိမ်များ အားလုံး ပြိုပျက်ခရပြီးနောက် စစ်ဖီးယှောင်များမှာ လူမှုစီးပွား အခက်အခဲများနန့် ရင်ဆိုင်နီကတ်ရကာ စားဝတ်နီရီး အခက်အခဲ ဖြစ်နီကတ်ရကြောင်း စစ်ဖီးယှောင်များ ပြောသည်။
စခန်းဟိ စစ်ဖီးယှောင်အများစုမှာလေ့ ကြုံရာကျဗန်းအလုပ်လုပ်ကာ စားဝတ်နီရီးအတွက် ဖြစ်ပိုင် ရုန်းကန်ကတ်ရသူများ ဖြစ်ပြီး၊ မုန်တိုင်းတိုက်ပြီးနောက်ပိုင်း အလုပ်အကိုင် ယှားပါးလားသည့်အပြင် ကုန်ဈီးနှုန်းများလေ့ အဆမတန်တက်နီ၍ အဆင်မပြေမှုပေါင်းများစွာကို ဆိုးဝါးစွာရင်ဆိုင်နီကတ်ရသည်ဟု ဆိုသည်။
အဆိုပါ စစ်ဖီးယှောင်စခန်း၌ အချေများနန့် သက်ကြီးရွယ်အိုများအတွက်လေ့ ကျမ်းမာရီးစောင့်ယှောက်မှုများ လိုအပ်နီ သည့် အပြင် အမျိုးသမီးလစဉ်သုံးပစ္စည်းများအပါအဝင် တခြားအခြီခံလူသုံးကုန်ပစ္စည်းများလေ့ အရေးပေါ် လိုအပ်လျက် ဟိသည်။
ဝါးတောင်စစ်ဖီးယှောင်စခန်းတွင် အိမ်ထောင်စု ၇၀ နန့် လူဦးရေ ၃၇၉ ယောက်ခိုလှုံလျက်ဟိကြောင်း သိဟိရပါသည်။