
APM ၊ ဂျူလိုင် ၁၅ / ၂၀၂၃
ဂျာမန် ဘွန်ဒက်စ်လီဂါကလပ် မိုချန်ဂလတ်ဘတ်ခ်ျအသင်းသည် စပါတာပရာ့ဂ်အသင်းမှ ချက်တိုက်စစ်မှူး တောမတ်စ် ဗန်ကာရာကို ၅ နှစ်စာချုပ်နန့် ခေါ်ယူခကြောင်း ဂျူလိုင် ၁၄ ရက်နိတွင် အတည်ပြုသည်။
အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူး ဗန်ကာရာကို မိုချန်ဂလတ်ဘတ်ခ်ျက ယူရို ၁၀ သန်း (ဒေါ်လာ ၁၁.၂၄ သန်း) ဝန်းကျင်နန့် ခေါ်ယူခသည်ဟုဆိုသည်။
“သောမတ်စ်က ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ရေ တိုက်စစ်မှူးတယောက်ပါ။သူစွာ ငယ်သိမ့်ကေလေ့ ပရော်ဖက်သျှင်နယ် ကဇတ်သမားဘဝနန့် ကြာပါဗျာယ် ဟု မိုချန်ဂလတ်ဘတ်ခ်ျအသင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဗန်ကာရာသည် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပရော်ဖက်သျှင်နယ် ကဇတ်သမားဘဝကိုစတင်ခပြီး ၂၀၂၂ ခုနှစ်၊ ဂျန်နဝါရီလတွင် စပါတာ ပရာ့ဂ် FC သို့ပြောင်းရွှိခကာ ပွဲပေါင်း ၅၀ ပါဝင်ကဇတ်ထားပြီး ၂၄ ဂိုးသွင်းယူပီးခကြောင်း သိရသည်။
Source- Monchengladbach signed Vankara to a 5-year contract/ bundesliga.com
Photo-Sky Sports
