APM၊ ဂျူလိုင် ၁၅/၂၀၂၂
ရက္ခိုင်ပြည် လူဖမ်းပွဲကြီးအတွင်း မတရားဖမ်းဆီးခံခရသော ပုဏ္ဏားကျွန်းဒေသခံ ၃ ယောက်ကို ဒေနိ(ဂျူလိုင် ၁၅ ရက်နိ) တွင် စစ်ကောင်စီတပ်က ဆူပူလှုံ့ဆော်မှုပုဒ်မ ၅၀၅(က) နန့် အမှုဖွင့် တရားစွဲတင်လိုက်သည်။
တရားစွဲတင်ခံလိုက်ရသူများမှာ ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်မှ ဦးဝင်းမောင်သန်း(၄၀နှစ်)၊ မြို့သစ်ရပ်ကွက်မှ ဦးကျော်မင်း (၆၁ နှစ်)၊ ရွာသာယာမှ ဦးထွန်းလှိုင်(ခ) ပရဟိတ(၅၅ နှစ်) ရို့ဖြစ်ပြီး သူရို့ကို ဒေနိခါ ပုဏ္ဏားကျွန်းမြိုနယ်တရားရုံး၌ ရုံးထုတ်၍ ပုဏ္ဏားကျွန်း အခြီစိုက် ခမရ (၅၅၀) တပ်ရင်းမှ တပ်ရီးဗိုလ်ကြီး ကြည်လှိုင် က တရားလိုလုပ်၍ ၅၀၅(က)နန့် အမှုဖွင့်တရား စွဲတင်သည်။
အေနိမှာပင် ယင်း ၃ ယောက်ကို လုံခြုံရီးအကြောင်းပြချက်နန့် ပုဏ္ဏားကျွန်းမြို့နယ်တရားရုံးမှ စစ်တွေခရိုင်တရားရုံးသို့ လွှဲပြောင်း လိုက်ကြောင်းသိရသည်။
ယင်းအပြင်ပုဏ္ဏားကျွန်းလူဖမ်းပွဲ၌ မတရားဖမ်းဆီးခံခရသော ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်မှ ဦးဘလှိုင်(၄၀နှစ်)၊ ကိုမျိုးသွင် (၂၈ နှစ်)နန့် မင်းဂံရွာမှ ကိုမြတ်သူရထွန်း(၂၉နှစ်)ရို့ ၃ ယောက်ကိုလေ့ ၅၀၅(က) အပါအဝင် ဝတ္တရားနှောင့်ယှက်မှုနန့် မသင်္ကာမှုပုဒ်မ ၃၃၃/ ၁၁၄ ရို့နန့်ပါ တရားစွဲထားသိမ့်သည်။
ကုန်ခသည့် ဂျုန် ၁၆ ရက်နိက စစ်ကောင်စီတပ်သည် ပုဏ္ဏားကျွန်းမြို့၌ လူဖမ်းပွဲကြီးကို စည်စည်ကားကားကျင်းပခရာ အပြစ်မဲ့ အရပ်သားပြည်သူ ၃၀ ထက်မနည်းကို ဖမ်းဆီးယူဆောင်လားခပြီး ယင်းအထဲမှ အများစုကိုပြန်လွှတ်ပီးလိုက်ကေလေ့ လက်ဟိ အချိန်ထိ ပြန်မလွှတ်ပီးသိမ့်ဘဲ ကျောင်းသားလူငယ် ၂ ယောက်အပါအဝင် ၈ ယောက်ကျန်နီသိမ့်သည်။
လက်ဟိတွင် ယင်း ၈ ယောက်အထဲမှ ၆ ယောက်ကို ရုံးတင်တရားစွဲထားပြီး ကျောင်းသားလူငယ် ၂ ယောက်ဖြစ်သည့် ပုဏ္ဏားကျွန်း မြို့နယ်၊ ပေါက်တောပြင်ရွာမှ မောင်နိုင်မျိုးထွန်း(၁၈နှစ်) နန့် မောင်မင်းအောင်ခိုင်(၁၇နှစ်)ရို့နှစ်ယောက်ကိုတော့ လက်ဟိအချိန်ထိ ရုံးထုတ်စစ်ဆီးခြင်းမဟိသိမ့်ပိုင် မိသားစုနန့်လေ့ အဆက်အသွယ်မရသိမ့်ဟု သိရသည်။
(Zawgyi)
စစ်ကောင်စီက မတရားဖမ်းဆီးထားသော ပုဏ္ဏားကျွန်းဒေသခံ ၃ ယောက်ကို ပုဒ်မ ၅၀၅(က) နန့် တရားစွဲတင်
APM၊ ဂျူလိုင် ၁၅/၂၀၂၂