APM၊ ဂျူလိုင် ၁၅/၂၀၂၂
စစ်တွေမြို့နယ် ပလ္လင်ပြင်(ရက္ခိုင်ရွာ) ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ် ခမရ (၃၅၄) တပ်ရင်းက အနီးအနားဟိ “ဆီးသမား”မူဆလင်ကယ်ဆယ်ရီးစခန်းမှ မူဆလင်ဒုက္ခသည် ၇ ယောက်အား ဒေနိ(ဂျူလိုင် ၁၅ ရက်နိ)တွင် မတရား ဖမ်းဆီးရိုက်နှက် နှိပ်စက်၍ ငွေညှစ်မှုများပြုလုပ်ခကြောင်း သိရသည်။
မတရားဖမ်းဆီးနှိပ်စက် ငွေညှစ်ခံရသော မူဆလင် ၇ ယောက်မှာ ဦးမောင်လှ(၅၀နှစ်)၊ ဦးနူရူဆောင်း(၄၀နှစ်)၊ ဦးအီနုစ် (၃၅နှစ်)၊ ဦးလာလယား(၃၆နှစ်)၊ ဦးမာမတ်တာဟဲရ်(၃၀နှစ်)၊ ကိုရော်ဘီအာလောမ်(၂၉နှစ်)နန့် မောင်မာမတ်အာအေစ့်(၁၇နှစ်) ရို့ ဖြစ်ကတ်သည်။
သူရို့အားလုံးမှာ ကယ်ဆယ်ရီးစခန်းတွင် ကွမ်းယာဆိုင်၊ လဖက်ရည်ဆိုင်ရောင်းချနီသူများဖြစ်ပြီး၊ သတ်မှတ်ချိန်ထက် ကျော်လွန်၍ ဈီးဆိုင်ရောင်းသည်ဟုဆိုကာ ဂျူလိုင် ၁၅ ရက်နိ မိုးထ ၈ နာရီ အချိန်၌ သူရို့ကို စစ်ကောင်စီတပ် ခမရ(၃၅၄)တပ်ရင်း မှတပ်ဖွဲ့ ဝင်များက ဖမ်းဆီးရိုက်နှက်လျက် ပလ္လင်ပြင်(ရက္ခိုင်ရွာ)ဘုန်းကြီးကျောင်းဝင်းထဲတွင် ခြောက်ပေါက်သွင်းချုပ်နှောင်ထားခသည်။
ယင်းနောက်စစ်ကောင်စီတပ်သည် အဖမ်းဆီးခံရို့၏ မိသားစုဝင်များထံမှ ငွေသုံးသိန်းကျပ်တောင်းခံရယူပြီးမှ သူရို့ကိုပြန်လွှတ် ပီးခသည်။
ယင်းအပြင် စစ်ကောင်စီတပ်များသည် မူဆလင်ရွာများသို့ စီးနင်းဝင်ရောက်ပြီး ရွာသားများအား အတင်းအဓမ္မ ကင်းစောင့် ခိုင်းခြင်း၊ ဆင်းရဲသား ဈီးသည်များကို တလငွေ သုံးသောင်းကျပ်စီ ဆက်ကြေးအဖြစ် ခြိမ်းခြောက်ကောက်ခံခြင်းများ ပြုလုပ်နီကြောင်း ဒေသခံရွာသားများ၏ ပြောကြားချက်အရ သိဟိရပါသည်။
(Zawgyi)
စစ္ေတြမွာ စစ္ေကာင္စီတပ္က ဆီးသမားမူဆလင္ကယ္ဆယ္ရီးစခန္းမွ မူဆလင္ဒုကၡသည္မ်ားကို ဖမ္းဆီးႏွိပ္စက္ ေငြညႇစ္နီ
APM၊ ဂ်ဴလိုင္ ၁၅/၂၀၂၂
စစ္ေတြၿမိဳ႕နယ္ ပလႅင္ျပင္(ရကၡိဳင္႐ြာ) ဘုန္းႀကီးေက်ာင္းတြင္ တပ္စြဲထားေသာ စစ္ေကာင္စီတပ္ ခမရ (၃၅၄) တပ္ရင္းက အနီး အနားဟိ “ဆီးသမား”မူဆလင္ကယ္ဆယ္ရီးစခန္းမွ မူဆလင္ဒုကၡသည္ ၇ ေယာက္အား ေဒနိ(ဂ်ဴလိုင္ ၁၅ ရက္နိ)တြင္ မတရား ဖမ္းဆီး႐ိုက္ႏွက္ ႏွိပ္စက္၍ ေငြညႇစ္မႈမ်ားျပဳလုပ္ခေၾကာင္း သိရသည္။
မတရား ဖမ္းဆီးႏွိပ္စက္ ေငြညႇစ္ခံရေသာ မူဆလင္ ၇ ေယာက္မွာ ဦးေမာင္လွ(၅၀ႏွစ္)၊ ဦးႏူ႐ူေဆာင္း(၄၀ႏွစ္)၊ ဦးအီႏုစ္(၃၅ႏွစ္)၊ ဦးလာလယား(၃၆ႏွစ္)၊ ဦးမာမတ္တာဟဲရ္(၃၀ႏွစ္)၊ ကိုေရာ္ဘီအာေလာမ္(၂၉ႏွစ္)နန႔္ ေမာင္မာမတ္အာေအစ့္(၁၇ႏွစ္) ႐ို႕ျဖစ္ ကတ္သည္။
သူ႐ို႕အားလုံးမွာ ကယ္ဆယ္ရီးစခန္းတြင္ ကြမ္းယာဆိုင္၊ လဖက္ရည္ဆိုင္ေရာင္းခ်နီသူမ်ားျဖစ္ၿပီး၊ သတ္မွတ္ခ်ိန္ထက္ ေက်ာ္လြန္ ၍ ဈီးဆိုင္ေရာင္းသည္ဟုဆိုကာ ဂ်ဴလိုင္ ၁၅ ရက္နိ မိုးထ ၈ နာရီ အခ်ိန္၌ သူ႐ို႕ကို စစ္ေကာင္စီတပ္ ခမရ (၃၅၄) တပ္ရင္းမွတပ္ဖြဲ႕ ဝင္မ်ားက ဖမ္းဆီး႐ိုက္ႏွက္လ်က္ ပလႅင္ျပင္(ရကၡိဳင္႐ြာ)ဘုန္းႀကီးေက်ာင္းဝင္းထဲတြင္ ေျခာက္ေပါက္သြင္း ခ်ဳပ္ေႏွာင္ထားခသည္။
ယင္းေနာက္စစ္ေကာင္စီတပ္သည္ အဖမ္းဆီးခံ႐ို႕၏ မိသားစုဝင္မ်ားထံမွ ေငြသုံးသိန္းက်ပ္ေတာင္းခံရယူၿပီးမွ သူ႐ို႕ကိုျပန္လႊတ္ ပီးခသည္။
ယင္းအျပင္ စစ္ေကာင္စီတပ္မ်ားသည္ မူဆလင္႐ြာမ်ားသို႔ စီးနင္းဝင္ေရာက္ၿပီး ႐ြာသားမ်ားအား အတင္းအဓမၼ ကင္းေစာင့္ ခိုင္းျခင္း၊ ဆင္းရဲသား ဈီးသည္မ်ားကို တလေငြ သုံးေသာင္း က်ပ္စီ ဆက္ေၾကးအျဖစ္ ၿခိမ္းေျခာက္ေကာက္ခံျခင္းမ်ား ျပဳလုပ္ နီေၾကာင္း ေဒသခံ႐ြာသားမ်ား၏ ေျပာၾကားခ်က္အရ သိဟိရပါသည္။
ပုံစာ- စစ်ကောင်စီတပ်က မူဆလင်ဒုက္ခသည်များအား ဖမ်းဆီးနှိပ်စက်၍ ခြောက်ပေါက်ထည့်ထားစဉ်။