APM ၊ ဂျုန် ၁၅ / ၂၀၂၃
မုန်တိုင်းဒဏ်သင့် အာရက္ခပြည်သူပြည်သားများ၏ အရေးပေါ်ကူညီကယ်ဆယ်ရီးလုပ်ငန်းများအတွက် ရက္ခိုင်ပြည်တွင်း၊ပြည်ပရို့ တွင် ဖွင့်လှစ်ထားသော ကော်မတီများမှတဆင့် လူသားချင်းစာနာထောက်ထားသောအားဖြင့် ကမ္ဘာအရပ်ရပ်မှ အလှူသျှင်များ ထည့်ဝင်လှူဒါန်းလာကတ်သော မြန်မာငွေ ၈၇၅၄၃၉၀၀ ကျပ်နန့် အမေရိကန်ဒေါ်လာ ၁၄၇၁၃၀ ကို ကောင်း မွန်စွာ လက်ခံရဟိထား ကြောင်း Mocha ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် အာရက္ခ အရေးပေါ်ကယ်ဆယ်ရီးနန့် ပြန်လည်နီရာ ချထားရီးကော်မတီ(Cyclone Mocha ERRCA) က ဂျုန် ၁၄ ရက်နိတွင် ထပ်မံထုတ်ပြန်သည်။
ထုတ်ပြန်ချက်အရ မေ ၃၀ ရက်နိတွင် United Arakan Network Germany (UANG) က မြန်မာငွေ ၄၄၁၀၀၀၀ ကျပ်၊ ဂျုန် ၁ ရက်နိတွင် မြန်မာငွေ ၁၂၄၇၂၉၀၀ ကျပ် ၊ ဂျုန် ၅ ရက်နိတွင် မှနျအမြိုူသားကောင်စီ-ဩစတြီးယား(MNCA) မှ ၂၂၉၅၀၀၀ ကျပ်၊ Denmark နိုင်ငံ စေတနာသျှင်မိသားစုများမှ မြန်မာငွေ ကျပ်သိန်း ၅၀၊ ရက္ခိုင်အစည်းအရုံး-ဂျပန်(AU-J) မှမြန်မာငွေ ၆၃၃၆၆၀၀၀ ကျပ် နန့် ဂျုန် ၁၃ ရက်နိတွင် အမေရိကန်ပြည်ထောင်စုရောက် ရက္ခိုင်မိသားစုများနန့် တခြားတသီးပုဂ္ဂလများမှ အမေရိကန်ဒေါ်လာ USD – ၁၄၇၁၃၀ အသီးသီးပါဝင်လှူဒါန်းထားသည်ကိုတွိရသည်။
ကုန်ခသည့် ဂျုန် ၁၀ ရက်နိကလေ့ မုန်တိုင်းဒဏ်သင့် အာရက္ခပြည်သူ ပြည်သားများ၏ အရေးပေါ်ကူညီကယ်ဆယ်ရီး လုပ် ငန်းများအတွက် ပြည်ထောင်စု နိုင်ငံရီး ဆွေးနွေးညှိနှိုင်းရီးကော်မတီ (FPNCC) မှ ထည့်ဝင်လှူဒါန်းသော မြန်မာငွေကျပ်သိန်း ၅၀၀၀ နန့် ဝ ပြည်နယ်၊ ပြည်သူ့အစိုးရမှ ထည့်ဝင်လှူဒါန်းသော မြန်မာငွေကျပ် သိန်း ၅၀၀၀ ၊ စုစုပေါင်း မြန်မာငွေကျပ်သိန်း ၁၀၀၀၀ ကို ကောင်းမွန်စွာ လက်ခံရဟိခကြောင်း Cyclone Mocha ERRCA က ထုတ်ပြန်ခသိမ့်သည်။
အလားတူ ဂျုန် ၂ ရက်နိကလေ့ မုန်တိုင်းဒဏ်သင့် အာရက္ခပြည်သူများအား အရေးပေါ်ကူညီကယ်ဆယ်ရီးလုပ်ငန်းများအ တွက် Asho Chin Defence Force(ACDF) မှ အလှူငွေ ကျပ်သိန်း သုံးဆယ်နန့် Maraland Territorial Council (မရာနယ် မြီအုပ်ချုပ်ရီးကောင်စီ)မှ အလှူငွေ တရာ့တသိန်းနှစ်သောင်းကျပ် ထည့်ဝင်လှူဒါန်းထားကြောင်းနန့် ဂျုန် ၁ ရက်နိတွင် ရက္ခိုင် ပြည်တွင်း၊ ပြည်ပအလှူသျှင် ၁၂ ယောက် လှူဒါန်းထားသည့် မြန်မာငွေကျပ် ၂၁၁၆၅၉၀၀၀ နန့် တရုတ်ယွမ် ၁၂၈၆၀၀၀ ကို လက်ခံရဟိခကြောင်း ကော်မတီက ထုတ်ပြန်ခပြီး လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကူအညီအား ယင်းသို့ ပံ့ပိုး ကူညီပီးသည့်အတွက် ပံ့ပိုးကူညီပီးကတ်သောအဖွဲ့အစည်းများနန့် အားလုံးသောလူပုဂ္ဂိုလ်များကို မုန်တိုင်း ဒဏ်သင့် အာ ရက္ခပြည်သူလူထုများကိုယ်စား အထူး လှိုက် လှိုက်လှဲလှဲ ကျေးဇူးတင်ဟိပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Photo – Cyclone Mocha ERRCA