APM ၊ ဂျုန် ၁၅ /၂၀၂၃
ဂရိကမ်းရိုးတန်းအနားတွင် ဂျုန် ၁၄ ရက်နိက လူရာနန့်ချီတင်ဆောင်လာသည် ရွိပြောင်းလှီတစီး တိမ်းမှောက်ခပြီး အနည်းဆုံး လူ ၇၉ ယောက်သီဆုံးကာ လူအများအပြား ပျောက်ဆုံးနီကြောင်း သိရသည်။
ယင်းလှီသည် ဂရိနိုင်ငံ တောင်ပိုင်း Peloponneseကျွန်းဆွယ်အနောက်တောင်ဖက် ၇၅ ကီလိုမီတာအကွာ နိုင်ငံတကာရီပြင် ၌ တိမ်းမှောက်ခြင်းဖြစ်ပြီး လှီတိမ်းမှောက်ပြီးနောက် လူ ၇၉ ယောက်၏ ရုပ်အလောင်းကိုရှာဖွီတွိဟိထားကာ လူ ၁၀၄ ယောက်ကို ကယ်ဆယ်နိုင်ခကြောင်း ဂရိကမ်းခြီစောင့်တပ်ဖွဲ့ က ပြောသည်။
ယင်းအပြင် ပျောက်ဆုံးနီသူများလေ့ အများအပြားကျန်နီသိမ့်ပြီး ရှာဖွီကယ်ဆယ်မှုများ ပြုလုပ်လျှက်ဟိသည်ဟုဆိုသည်။
အသက်ရှင်လာသူများ၏ပြောကြားချက်အရ အဆိုပါလှီသည် လစ်ဗျားနိုင်ငံအရှိပိုင်း Tobruk ဒေသမှ အီတလီသို့ ထွက်ခွာလာခြင်းဖြစ်ပြီး လှီတွင်လိုက်ပါလာသူဦးရေ ၇၅၀ လောက်ဟိနိုင်ကြောင်းသိရသည်။
Source – At least 79 people drown after migrant boat sinks off Greek coast
Photo – AP