
APM ၊ ဂျုန် ၁၅ / ၂၀၂၃
Mocha ဆိုင်ကလုန်းမုန်တိုင်းသင့်အာရက္ခပြည်သူ ၃၀ ရာခိုင်နှုန်းရာ အ ရေးပေါ်အကူအညီရဟိထားပြီး ကျန် ၇၀ ရာခိုင်နှုန်း အတွက် ဆက်လက်လိုအပ်နီဆဲဖြစ်ကြောင်း MOCHA ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် အာရက္ခ အရေးပေါ် ကယ်ဆယ်ရီး နန့် ပြန်လည်နီရာချ ထားရီးကော်မတီ Cyclone Mocha ERRCA က ဂျုန် ၁၄ ရက်နိတွင် ထုတ်ပြန် သည်။
ဂျုန် ၁၄ ရက်နိ Mocha ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ခသည့် တလတိတိပြည့်နိက ထုတ်ပြန်သည့် Mocha ဆိုင်ကလုန်း မုန်တိုင်းကြောင့် မြို့နယ်အ လိုက် ထိခိုက်ပျက်စီးဆုံးယှုံးမှု အခြေအနီ၊ အရေးတကြီး ထပ်မံလို အပ်လျက်ဟိနီသော အကူ အညီများနန့် စားနပ်ရိက္ခာ၊ အမိုးအကာ ကူညီထောက်ပံ့ထားမှုများကို အသိပီးထုတ်ပြန်ရာတွင် ယင်းသို့ဖော်ပြထားသည်။
ထုတ်ပြန်ချက်အရ မုန်းတိုင်းဒဏ်သင့် အားရက္ခပြည်သူများထဲမှ အရေးပေါ်စားနပ်ရိက္ခာ အကူအညီလိုအပ်နီခသူ အိမ် ထောင်စုပေါင်း ၂၂၀၇၇၃ စု ဟိပြီး ယင်အထဲမှ အိမ်ထောင်စုပေါင်း ၂၁၁၆၄ စုကတော့ အရေးပေါ် စားနပ်ရိက္ခာများ ရ ဟိပြီးဖြစ်ကာ ကျန်အိမ်ထောင်စု ၁၉၉၆၀၉ စု မှာ လက်ဟိအချိန်ထိ စားနပ်ရိက္ခာအကူအညီများလိုအပ်နီသိမ့်ကြောင်း သိရသည်။
ယင်းအပြင် အရေးပေါ် အမိုးအကားများလိုအပ်နီသည့် အိမ်ထောင်စုပေါင်း ၂၂၁၁၃၀ စု ဟိပြီး ယင်းအထဲမှလေ့ အိမ်ထောင် စု ၅၁၉၂၄ စု အမိုးအကာများ ရဟိထားပြီးဖြစ်ကာ ကျန် အိမ်ထောင်စု ၁၆၉၂၀၆ စု မှာ အရေးပေါ်အမိုးအကာများလိုအပ်နီဆဲ ဖြစ် သည်ဟုဆိုသည်။
Cyclone Mocha ERRCA ကော်မတီ၊ HDCO နန့် မြီပြင် Center များမှ လက် ခံရဟိထားသော အလှူငွေများနန့် အကူအညီ များကို မိမိရို့မှ စနစ်တကျစီမံခန့်ခွဲဆောင်ရွက်လျက်ဟိကြောင်း ထုန်ပြန်ချက်တွင်ဖော်ပြထားပြီး ယင်းသို့လုပ်ဆောင်ရာ၌ လိုအပ်ချက်နန့် အကူအညီများမှာ ကာမိခြင်းမဟိသိမ့်ဘဲ အရေးပေါ်အကူအညီများ ဆက်လက်၍ လိုအပ်လျက်ဟိနီ ဆဲဖြစ် ကြောင်းလေ့ Cyclone Mocha ERRCA ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
