APM၊ ဂျုန် ၁၅ / ၂ဝ၂၂
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်(ULA/AA) လုံးဝထိန်းချုပ်ထားသည့် နယ်မြီများ၌ ပညာရီးကဏ္ဍ တိုးတက်လာအောင် အကောင်းဆုံးလုပ်ဆောင်နီကြောင်း ဂျုန် ၁၄ ရက်နိပြုလုပ်ခသော“ရက္ခိုင်ပြည်သူ့အစိုးရ”၏တတိယအကြိမ်မြောက် သတင်းစာယှင်းလင်းပွဲတွင် ULA/AA ပြန်ကြားရီးတာဝန်ခံ ဆရာဦးခိုင်သုခက ပြောဆိုလိုက်သည်။
““ရက္ခိုင်ပြည်သူ့အစိုးရအနီနန့် မိမိရို့ လုံးဝထိန်းချုပ်ထားရေ နီရာတိထဲမှာ ပညာရီးနန့် ပတ်သက်ပြီးကေ မိမိရို့ အဖွဲ့အစည်းထဲမှာဟိရေ လူ့စွမ်းအားအရင်းအမြစ်တိနန့် ပညာရီးကဏ္ဍကို တဆင့်ချင်း တဆင့်ချင်း တိုးတက်လာအောင် အကောင်းဆုံး လုပ်ဆောင်လို့ ဟိနီရေ” ဟု ဆရာဦးခိုင်သုခက Arakan Princess Media သတင်းထောက်၏ မိန်းမြန်းချက်ကို ပြန်လည်ဖြေကြားခပါသည်။
ယေပြီးကေ ဆရာဦးခိုင်သုခက“ကျနော်ရို့ ရက္ခိုင်ပြည်သူ့အစိုးရရေ ပညာရီးကဏ္ဍရာမဟုတ်၊ ကျန်းမာရီးအပါအဝင် အာရက္ခတိုင်းပြည်အတွက် လိုအပ်တေ အင်စတီကျူးသျှင်းတိုင်းကို အောက်ခြီကစလို့ စနစ်တကျ အဆင့်ဆင့် တည်ဆောက်နီရေဆိုစွာကိုပါ ပြည်သူကို အသိပီးလိုပါရေ” ဟုလေ့ ဖြည့်စွက်ပြောဆိုခပါသည်။
ယင်းအပြင် ကဏ္ဍအသီးသီးကိုတာဝန်ယူပီးနိုင်မည့် အမျိုးသားရီးခံယူချက် ကောင်းမွန်ပြီး လုပ်ရည်ကိုင်ရည်၊ အရည်အချင်း၊ အနစ်နာခံလိုစိတ်ဟိသော လူပုဂ္ဂိုလ်များကို လာရောက်တာဝန်ယူပီးကတ်ရန် ဆရာဦးခိုင်သုခ က ဖိတ်ခေါ်လိုက်သည်။
ယင်းနည်းတူ“အေဂုကာလစွာမိုးရာသီဖြစ်တေအလျောက်ကျောင်းတက်နီကတ်တေကျောင်းသား/ကျောင်းသူတိ၏ အသက် အန္တရာယ်ကိုဂရုမူပီးကတ်ဖို့ ရက္ခိုင်မိဘပြည်သူလူထုတိကို (အထူး)အလေးအနက်ပန်ကြားလိုပါရေ။ ချောင်း၊မြောင်း ပေါရေ ရက္ခိုင်ပြည်မှာ ကျောင်းတက်နီကတ်တေ ကျောင်းသား/ကျောင်းသူတိ၊ စာသင်သားတိစွာ ရီလမ်း၊ကုန်းလမ်း ၂ မျိုးကို အသုံး ပြုနီရရေ။ ချောင်းထဲမှာ ကျောင်းပို့လားလာကတ်တေ စက်လှီတိ၊ ဘုတ်တိ မြုပ်လို့ ကျောင်းသား/ကျောင်းသူ၊ ဆရာ/ဆရာမ တိ ရီနစ်သီဆုံးခကတ်စွာတိကို နှစ်စဉ်နှစ်တိုင်း စိတ်မကောင်းဖွယ်ကြားသိတွိမြင်နီရရေ”ဟုလေ့ ဆရာဦးခိုင်သုခက ဆိုသည်။
ဒေနှစ်မှာ ယင်းပိုင်အဖြစ်ဆိုးများမဖြစ်ဖို့ ရပ်ရွာအလိုက် အရပ်ဖက်အဖွဲ့အစည်း၊ ပရဟိတအဖွဲ့များ၊ လူမှုရီးအဖွဲ့ များ အနီနန့် သတိထားကြည့်ရှုကတ်ဖို့နန့် အန္တရာယ်ကင်းအောင် စီစဉ်ထားဖို့ကိုလေ့ ဆရာဦးခိုင်သုခက ပြောဆိုတိုက်တွန်းလားခသည်။