APM၊ ဂျုန် ၁၅ /၂၀၂၂
ULA/AA ဦးဆောင်နီသည့် ရက္ခိုင်ပြည်သူ့အစိုးရအနီနန့် အာရက္ခနိုင်ငံတော်အတွက် အရေးကြီးသော “ဥပဒေပြုရီး၊အုပ်ချုပ်ရီး၊ တရားစီရင်ရီး”မဏ္ဍိုင် ၃ ရပ်ကို စနစ်တကျအခိုင်အမာတည်ဆောက်နီသည်ဟု ဂျုန် ၁၄ ရက်နိ ရက္ခိုင်ပြည်သူ့အစိုးရ၏ တတိယအကြိမ် သတင်းစာယှင်းလင်းပွဲတွင် ULA/AA ပြန်ကြားရီးတာဝန်ခံ ဆရာဦးခိုင်သုခက ပြောကြားလိုက်သည်။
“ULA/AAအနီနန့် အဂုလက်ဟိလားနီရေ Transitional Government အစိုးရတရပ်အဖြစ် ရက္ခိုင်ပြည်သူ့အစိုးရ (Arakan People’s Government- APG) ကို ဖွဲ့စည်းလုပ်ဆောင်နီခြင်းဖြစ်ပါရေ။ လက်ဟိ ရက္ခိုင်ပြည်သူ့ အစိုးရ အနီနန့် ဇာတိလုပ်နီလေ့ဆိုကေ ဥပဒေပြုရီး၊ အုပ်ချုပ်ရီး၊ တရားစီရင်ရီး၊ ယင်းပိုင်မဏ္ဍိုင်သုံးရပ်လုံးကို စနစ်တကျတည်ဆောက်ပြီးကေ ဆောင် ရွက်လို့ဟိပါရေ” ဟု ဆရာဦးခိုင်သုခက Arakan Princess Media ၏ မိန်းမြန်းချက်ကို ဖြေကြားခပါသည်။
ယင်းအပြင် ပညာရီး၊ ကျန်းမာရီး အစဟိသည့် သက်ဆိုင်ရာကဏ္ဍအလိုက် ဝန်ကြီးဌာနများပုံစံဖြင့် ဌာနကြီးများ၊ ဦးစီးဌာနများကိုလေ့ အစိုးရအဖွဲ့အစည်းတရပ်နန့်အညီ တည်ဆောက်လုပ်ဆောင်နီပြီး၊ သင့်တော်သောအချိန်ကာလတခုတွင် ရက္ခိုင်ပြည်သူ့အစိုးရအဖွဲ့၏ ဖွဲ့စည်းပုံ၊ မူဝါဒ၊ လမ်းစဉ်၊ လုပ်ငန်းစဉ် အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ပီးလားမည်ဟု ဆရာဦးခိုင်သုခက ပြောသည်။
ယင်းအပြင် ဆရာဦးခိုင်သုခက “ရက္ခိုင်ပြည်သူ့အစိုးရရေ လွန်ခရေနှစ်တိကနီ ပြည်သူ့အုပ်ချုပ်ရီးနန့် တရားစီရင်ရီးလုပ်ငန်းတိကို အင်တိုက်အားတိုက်နန့် စတင်လုပ်ဆောင်ခပါရေ။ ဒေနိ အချိန်မှာဆိုကေ အုပ်ချုပ်ရီးနန့် တရားစီရင်ရီးယန္တယားတိစွာ သူ့စွာနန့်သူ လည်ပတ်နီရေပိုင်၊ လက်ဟိအခြေအနေထက် ပိုကောင်းလာအောင်လေ့ ကြိုးစားနီပါရေ” ဟု ဖြည့်စွက်ပြော ဆိုသည်။
ရက္ခိုင်ပြည်သူ့အစိုးရ၏တရားစီရင်မှုမှာ အယင်မြန်မာအစိုးရအဆက်ဆက်၏ တရားစီရင်ရီးစနစ်ထက် အချိန်တိုအတွင်း ပြီးဆုံးခြင်း၊ ငွေကြေးသက်သာစွာနန့် တရားရင်ဆိုင်နိုင်ခြင်း၊ ဘက်လိုက်မှုနည်းပါးခြင်းနန့် လူတိုင်းအတွက် လက်လှမ်းမှီနိုင်ခြင်း အစဟိသောဂုဏ်အင်များနန့်ပြည့်စုံပြီး နိုင်ငံတကာအဖွဲ့အစည်းများ၏ သုတေသနစာတမ်းများ၊ သတင်းဆောင်းပါးများ၌ ကောင်းမွန်သော မှတ်ချက်များဖြင့် ဖော်ပြခံရကြောင်းကိုလေ့ သတင်းစာယှင်းလင်းပွဲအတွင်း ဆရာဦးခိုင်သုခက ထောက်ပြပြောဆို ယှင်းလင်းလားခပါသည်။
