APM ၊ မေ ၁၅ / ၂၀၂၄
၂၀၂၄ ခုနှစ်၊ မေလ (၁၅) ရက်နိ၊ မိုးထ (၁၂) နာရီ (၁၆) မိနစ်အချိန်တွင် ကျောက်တော်မြို့နယ်၊ ဝဲကြီးထောင့်ရွာဟိ “ဝဲကြီးထောင့်ဆီးရုံ”အား ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ၏ လီကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခမှုကြောင့် ဆီးရုံတခုလုံးနီးပါး ပျက်စီး ဆုံးယှုံးလားခရပြီး ဆီးဝန်ထမ်း၊ လူနာ နန့် လူနာစောင့်အရပ်သားပြည်သူ စုစုပေါင်း(၂၀) ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရဟိခသည်။ ၎င်း ၂၀ ဦးထဲတွင် အပြင်းစားဒဏ်ရာရ (၅) ဦးဟိခပြီး မြင်း(၁) ကောင်လည်း ဒဏ်ရာဟိခသည်။
ရက္ခိုင်ဒေသ၌ စစ်ပွဲတိုင်းတွင် ယှုံးနိမ့်ကာ အရှက်ရ ဒေါသထွက်နီသော စစ်ယှုံးစစ်ကောင်စီသည် လူမျိုးရီးအမုန်းတရားများကို အခြီခံပြီး တိုက်ပွဲနန့်မသက်ဆိုင်သော အရပ်ဖက်ပစ်မှတ်၊ ဆီးရုံ၊ ဈီးများကို ဦးတည်ပစ်ခတ်တိုက်ခိုက်နီခြင်းမှာ အပြစ်မဲ့ပြည်သူများအား အစုလိုက်အပြုံလိုက်သတ်ဖြတ်နီခြင်းပင်ဖြစ်သည်။ ယင်းနည်းတူ စစ်ရာဇဝတ်မှုကိုပြောင်ပြောင်တင်းတင်းကျူးလွန်နီခြင်းလည်းဖြစ်သည်။
ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များနန့် လူမှုဘဝလုံခြုံမှုကို နီစဉ်နန့်အမျှ ခြိမ်းခြောက် နီသောလုပ်ရပ်များနန့် ပြည်သူများကို နိစဉ်သတ်ဖြတ်နီသော လုပ်ရပ်များမှာ မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီ၏ နိစဉ်ကျူးလွန်နီသော မရိုးနိုင်သော လုပ်ရပ်များပင်ဖြစ်သည်။
မိမိရို့အနီဖြင့်လည်း စစ်ကောင်စီ၏ ယခုကဲ့သောလုပ်ရပ်များနန့် ယခင်ကျူးလွန်ထားခသော မှတ်တမ်းကို နိုင်ငံတကာအဖွဲ့အစည်းများထံပီးပို့လားမည်ဖြစ်သည်။