
( ဧပြီ ၈ ရက်နိမှ ၁၄ ရက်နိအထိ)
၁။ ၈-၄-၂၀၂၄(တလင်းလာ)
ဧပြီ ၇ ရက်နိမာ သံတွဲမြို့နယ်၊ ဘောက်တောင်ရွာက မမေသဇင် (၂၉ နှစ်) ကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တိ မတရား ဖမ်းယူလားခပါရေ။
၂။ ၉-၄-၂၀၂၄ (အင်္ဂါ)
(၁) ဧပြီ ၉ ရက်နိ၊ မိုးထပိုင်းက တိုက်ပွဲဖြစ်ပွားခြင်း လုံးဝမဟိရေ သံတွဲမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီနေဗီက လူမဆန်၊အောက်တန်းကျစွာ လက်နက်ကြီးနန့် ပစ်ခတ်လို့ တောင်ညိုရွာက မောင်ဖြိုးမင်းဟိန်း (၁၆နှစ်) ထိခိုက်ဒဏ်ရာ ရလားခပါရေ။
(၂) ဧပြီ ၉ ရက်နိ မိုးထပိုင်းမာ အကြမ်းဖက်စစ်ကောင်စီပစ်ခတ်လိုက်တေ လက်နက်ကြီးကျရောက် ပေါက်ကွဲလို့ အမ်းမြို့နယ်၊ ကြောင်ဖြူကွင်းရွာက မောင်နေထူးနိုင်(၁၀ နှစ်) သီဆုံးလားခပါရေ။
၃။ ၁၀-၄-၂၀၂၄ (ဗုဒ္ဓဟူး)
(၁) ဂုတိုက်နီရေ တိုက်ပွဲစွာ အားလုံး၏ သမိုင်းနန့် အနာဂတ်ကံတရား အလှည့်အပြောင်းတခုလုံးအတွက် အဆုံးအဖြတ်ဖြစ်ကြောင်း အာရက္ခတပ်တော် တပ်မှူးချုပ်၏ (၁၅) နှစ်မြောက် အာရက္ခတပ်တော်နိ အခမ်းအနားသို့ ပီးပို့လာရေ သဝဏ်လွှာမာ ထည့်သွင်းထားပါရေ။
(၂) အာဏာသျှင်စနစ်နန့် လူမျိုးကြီးဝါဒ ကျဆုံးရီး ၊ ကိုယ်ပိုင်ပြဌာန်းခွင့်နန့် တန်းတူညီမျှရီးကို အပြည့်အဝ အာမခံနိုင်ရေ ဖက်ဒရယ်ပြည်ထောင်စုသစ်တည်ဆောက်ရီးအတွက် အာရက္ခတပ်တော် (AA)အပါအဝင် တော်လှန်ရီးအဖွဲ့အစည်း အားလုံးနန့် ဟန်ချက်ညီ လက်တွဲပြီးကေ အဆုံးထိ တိုက်ပွဲဝင်လားဖို့လို့ ဗမာပြည်သူ့လွတ်မြောက်ရီးတပ်တော် (BPLA) က ပြောဆိုလိုက်ပါရေ။
၄။ ၁၁-၄-၂၀၂၄ (ကြာသပတီး)
(၁) ဧပြီ ၉ ရက်နိ၊ ညဇာပိုင်းမာ ဘူးသီးတောင်မြို့နယ် စိုင်းဒင်က ကိုသန်းမောင်၊ ဦးထွန်းအောင်၊ ဦးဝေသာမောင်၊ ဦးရွှီလှ နန့် ဒေါ်စိန်ခေါင် ရို့ကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တိ မတရား ဖမ်းဆီးလိုက်ပါရေ။
(၂) လက်ဟိကာလစွာ စစ်ရီးပြင်းထန်နီရေကာလဖြစ်လို့ သင်္ကြန်ကာလအတွင်း မြို့ပြနန့် ကျေးလက်ဒေသတိမာ လူစု လူဝေးတိ၊ ပျော်ပွဲရွှင်ပွဲတိ မလုပ်ကတ်ဖို့ အာရက္ခမိဖပြည်သူသို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က မိတ္တာရပ်ခံပန် ကြားချက်တစောင်ကို ဧပြီ ၁၁ ရက်နိမာ ထုတ်ပြန်လိုက်ပါရေ။
၅။ ၁၂-၄-၂၀၂၄ (သောကြာ)
(၁) ဧပြီ ၁၁ ရက်နိ၊ညဇာမာ ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်တိုက်နယ်၊ ကုလဘာတောင်ရွာက ကိုနေတိုး (၂၀ နှစ်) ၊ကိုဇင်မြင့်ထွန်း(၂၀ နှစ်)၊ ကိုတင်မောင်နိုင်(၂၂ နှစ်)နန့် ကိုချမ်းမြင့်ဇော် (၂၄ နှစ်)ရို့ ကို အကြမ်းဖက် စစ်ကောင်စီက မတရားဖမ်းဆီးခပါရေ။
(၂) မောင်တောမြို့နယ်ဟိ အကြမ်းဖက်စစ်ကောင်စီ၏ ကြိမ်ချောင်းဗျူဟာစခန်းကြီးကို ဧပြီ ၁၂ ရက်နိမာ အပြီးသတ် သိမ်းပိုက်လိုက်တေလို့ အာရက္ခတပ်တော် (AA)က သတင်း ထုတ်ပြန်ပါရေ။
၆။ ၁၃-၄-၂၀၂၄ (စနီ)
(၁) ကျောက်ဖြူမြို့၊ ကုလားပိုက်ဆိပ်ရပ်ကွက်၊ မီးလောင်ကွင်းစုက ဒေသခံပြည်သူရို့ပိုင်ဆိုင်ရေ နီအိမ်တိကို ဧပြီ ၁၂ ရက်နိ၊ ညဇာ ၃ နာရီခွဲလောက်ကပင် အကြမ်းဖက်စစ်ကောင်စီက အကြမ်း ဖက်စီနင်းဝင်ရောက်လာပြီးကေ ဘက်ဟိုး တစီးနန့် ဖြိုဖျက်လျက်ဟိရာ ဧပြီ ၁၃ ရက်နိ မိုးထ ၁၀ နာရီခွဲအချိန်ထိ နီအိမ် ( ၁၅၀) ကျော် ဖျက်ဆီးခံခရပါရေ။
(၂) ဖက်ဆစ် စစ်ရာဇဝတ်ကောင် ကြမ်းဖက်စစ်ကောင်စီတပ်စွာ ဧပြီ ၁၁ ရက်နိ ညဇာမာ ဂွမြို့နယ်၊ ကျိန္တလီမြို့၊ သဲကုန်းရွာက အဖဖြစ်သူ ဦးသိန်းဇံကို ရှာမတွိ့လို အိမ်မာတွိရေ သားဖြစ်သူ ကိုနေဇာလင်းကို သူရဲဘောကြောင်စွာ ဥပဒေမဲ့ မတရား ဖမ်းခေါ်လားခပြီး၊ အဖဖြစ်သူကို မရမချင်း သားကို ပြန်မလွှတ်” လို့ ကျိန္တလီစခန်းမှူးစောကျော်ထွေးက ဧပြီ ၁၃ ရက်နိမာ ပြောဆိုလိုက်ပါရေ။
၇။ ၁၄-၄-၂၀၂၄(တလင်းဂနီ)
ဧပြီ ၁၄ ရက်နိမာ သံတွဲ-တောင်ကုတ်ကားလမ်းတလျှောက်ကို အကြမ်းဖက်စစ်ကောင်စီက ပုဒ်မ ၁၄၄ အမိန့် ထုတ်ပနာ လုံးဝပိတ်ထားပြီးကေ ယင်းလမ်းမထက်မာတွိရေ မသင်္ကာလူမှန်သမျှ သီနတ်နန့် ပစ်သတ်ပစ်ဖို့လို့ ပြောဆိုထားပါရေ။
