APM ၊ မာ့ချ် ၁၅/၂၀၂၄
ရမ်းဗြဲမြို့နယ်မာ မာ့ချ် ၁၄ ရက်နိ၊ နိခင်း၂ နာရီကျော်က အကြမ်းဖက်စစ်ကောင်စီ၏လီကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောက်ချောင်းတိုက်နယ်၊ ကန်တော့ပြင်ရွာက လူနီအိမ် ၅ ဆောင် ထိခိုက်ပျက်စီးလားရေလို့ သိရပါရေ၊
အကြမ်းဖက်စစ်ကောင်စီစွာ အယင်ရက်တိနည်းတူ မာ့ချ် ၁၄ ရက်နိမာလည်း ရမ်းဗြဲမြို့နယ်အတွင်းက ရပ်ရွာတိကို လီကြောင်း ဗုံးကြဲတိုက်ခိုက်ခရေလို့ ဒေသခံတိက ပြောပါရေ။
ယင်းဗုံးသီးတိအထဲက တလုံးစွာ ကန်တော့ပြင်ရွာထဲသို့ကျရောက်ပေါက်ကွဲပနာ ဦးစိုးမြင့်ရွှီ၊ ဦးစံလှဖြူ၊ ဦးမောင်ဖြူတုတ်၊ ဒေါ် ခင်မြင့်ရွှီ နန့် ဒေါ်နုစိန်ဦးရို့၏ နီအိမ်တိပျက်စီးလားခရေလို့ ဆိုပါရေ။
ကုန်ခရေ မာ့ချ် ၁၃ ရက်နိကလည်း အကြမ်းဖက်စစ်ကောင်စီ၏ F-23 ဖရီးဂိတ်နေဗီကနီ ရမ်းဗြဲမြို့နယ်က ရပ်ရွာတိသို့ လက်နက်ကြီးနန့်ယမ်းကားပစ်ခတ်ခလို့ အပြစ်မဲ့ပြည်သူတယောက် သီဆုံးခရပြီးကေ နောက်ထပ် တယောက်လည်း ဒဏ်ရာ ပြင်းပြင်းထန်ထန် ရလားခရပါသိမ့်ရေ။