APM၊ မာ့ချ် ၁၅ / ၂၀၂၄
ရက္ခိုင်ပြည်မာ အကြမ်းဖက် စစ်ယှုံးစစ်ကောင်စီစွာ အများပြည်သူ ခရီးလားလာနီရေ ကုန်းလမ်း၊ ရီလမ်းတိကို ရည်ရွယ်ချက်ဟိဟိ ဖြတ်တောက်ဖျက်ဆီးလျက်ဟိရာ မာ့ချ် ၁၄ ရက်နိကလည်း မောင်တော နန့် ဘင်္ဂလားဒေ့ချ်သို့ ဆက်သွယ်ထားရေ အာသျှလမ်းမကြီးကို ကောက်ကျစ်ယုတ်မာ လူမဆန်စွာ ဖျက်ဆီးလိုက်ကြောင်း သိရပါရေ။
ယင်းလမ်းကို မာ့ချ် ၁၄ ရက်နိ၊ မိုးထ ၉ နာရီခွဲအချိန် မောင်တောမြို့နယ်၊ အောင်မင်္ဂလာရွာမာ တပ်စွဲထားရေ နခခ(၁)လက်အောက်ခံ အကြမ်းဖက်စစ်ကောင်စီ ကင်းစခန်းဟိ တပ်ဖွဲ့ဝင် (၁၉) ယောက်ကတူးဆွ ပိုင်းဖြတ်ဖျက်ဆီးလိုက်စွာလို့ မျက်မြင်ဒေသခံတိက ပြောပါရေ။
အဆိုပါ အာသျှလမ်းမကြီးစွာ မောင်တောဒေသခံပြည်သူတိ၏ လူမှု၊ စီးပွားအတွက် အဓိက အားထားရာ လမ်းမကြီးတခုဖြစ်ပြီးကေ၊ ၎င်းလမ်းကို အကြမ်းဖက်စစ်ကောင်စီက အဂုပိုင် ဖျက်ဆီးလိုက်တေအတွက် အခက်အခဲနန့် ရင်ဆိုင်နီရကြောင်းလည်း ဆိုပါရေ။
ကုန်ခရေ မာ့ချ် ၉ ရက်နိကလည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တိစွာ ဒေသခံပြည်သူတိ မောင်တောမြို့သို့ လားလာအသုံးပြုနီကတ်တေ မောင်တော-ဇူလရွာလမ်းကို ဘက်ဟိုးတစီးနန့် တူးဆွဖျက်ဆီး ပစ်ခကတ်ပါသိမ့်ရေ။
ရက္ခိုင်ပြည်မာ ရက္ခိုင့်တပ်တော် တိုက်ခိုက်လာဖို့ကို အသက်ထွက်မတတ် စိုးရိမ်ကြောက်လန့်နီရေ စစ်ယှုံးအကြမ်းဖက်စစ်ကောင်စီစွာ ပြည်သူကို အဓိကပစ်မှတ်ထားပနာ ပြည်သူတိ အငတ်ဖီးဆိုက်စီဖို့ ရည်ရွယ်ချက်နန့် ရိက္ခာပြတ်တောက်လားအောင် ကုန်းလမ်း၊ ရီလမ်းအပါအဝင် ဆက်သွယ်ရီးလမ်းကြောင်းမှန်သမျှကို ပိတ်ဆို့ ဖြတ်တောက်ထားလို့ဟိနီပါရေ။