APM၊ မာ့ချ် ၁၅ /၂၀၂၄
ပုဏ္ဏားကျွန်းမြို့နယ်မာ ဒေနိ၊ မာ့ချ် ၁၅ ရက်နိ၊ နိခင်းက အကြမ်းဖက်စစ်ကောင်စီ ပစ်လိုက်တေ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ အပြစ်မဲ့ပြည်သူ ၁၃ ယောက်ထက်မနည်း ဒဏ်ရာရလားရေလို့ သိရပါရေ။
ဒဏ်ရာရလားရေ လူတိစွာ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်သံခြီရွာက ၃ ယောက်နန့် ကုန်တန်းကြိမ်ချောင်းရွာက ၁၀ ယောက်ဖြစ်ပါရေ။
ဒေနိ မိုးထ ၁၀ နာရီခွဲကနီ ၁၂ နာရီခွဲအချိန်ထိ စစ်တွေမြို့၊ ပါဒလိပ်အခြီစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခလရ(၃၄၄)တပ်ရင်းကနီပနာ ပုဏ္ဏားကျွန်းမြို့နယ်ကရပ်ရွာတိကို လက်နက်ကြီးနန့် လှမ်းပစ်ခရေလို့ ဒေသခံတိကပြောပါရေ။
ယင်းလက်နက်ကြီးကျည်တိထဲက တလုံးစွာ ကျောက်သံခြီရွာထဲသို့ကျရောက် ပေါက်ကွဲခပြီးကေ၊ ရွာထဲက အမျိုးသမီး ၁ ယောက်မာ ခြီတဖက်ပြတ်လားရေပိုင် အခြား အမျိုးသမီး ၁ ယောက် နန့် အမျိုးသား ၁ ယောက်လည်း ဒဏ်ရာရလားရေလို့ ရွာသားတိကဆိုပါရေ။
အလားတူ ကုန်တန်းကြိမ်ချောင်းရွာထဲမာလည်း လက်နက်ကြီးကျည်တလုံးကျရောက်ပေါက်ကွဲခလို့ အပြစ်မဲ့ပြည်သူ ၁၀ ယောက်ထက်မနည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရလားရေလို့ သိရပါရေ။
အဆိုပါ ဒဏ်ရာရလားရေ အပြစ်မဲ့ပြည်သူတိနန့် ပတ်သက်လို့ အသေးစိတ်ကို ဆက်လက်စုံစမ်းနီပါရေ။