APM ၊ မာ့ချ် ၁၅ /၂၀၂၄
မောင်တောမြို့နယ်၊မင်္ဂလာကြီးအုပ်စု၊သာစည်(မူဆလင်) ရွာမာ ဒေနိ၊ မာ့ချ် ၁၅ ရက်နိ၊ မိုးထ ၁ နာရီအချိန်လောက်က ARSA အကြမ်းဖက်အဖွဲ့ ဒါးမြတိုက်၊ လုယက်ပြီး မူဆလင်လူငယ် ၇ ယောက်ကို အကြမ်းဖက်ဖမ်းဆီးလားခရေလို့ ရွာသားတိက ပြောပါရေ။
ဒေနိ မိုးထစောစော ၁ နာရီလောက်က ARSAအကြမ်းဖက် အဖွဲ့ဝင်၂၅ ယောက်လောက်စွာ လက်နက်ခဲယမ်းအပြည့်အစုံနန့် သာစည်(မူဆလင်)ရွာသို့ ဝင်ရောက်လာပြီးကေ၊ ယင်းရွာသားတိဖြစ်ကတ်တေ ဖွေဇီဆလင် (ခ) လန်အား (၄၀နှစ်)၊ ဇော်ဟိရ်အာမတ်(၃၀နှစ်)နန့် ရှောင်ရှူ(၅၀ နှစ်) ရို့ကို ရှာဖွီခရေလို့ ရွာသားတိက ပြောပါရေ။
ယင်းပိုင် လိုက်ရှာခါ ဖွေဇီဆလင်ကို ရှာမတွိရေအတွက် သူ၏ သားဖြစ်သူ မာမွတ်ဘော်ဟန်(၁၅နှစ်)ကို ဖမ်းယူလားခပြီးကေ၊ နောက်ထပ်ယင်းရွာမာ ရပ်ရွာလုံခြုံရီးအတွက် ကင်းစောင့်နီရေ မာမတ်ဝါရစ် (၁၈ နှစ်)၊ အီဗြာဟိန်း (၂၀ နှစ်)၊ ၊ မာမွတ်ရီရစ် (၂၀ နှစ်)၊ နူရ်ကာမာလ် (၂၁ နှစ်)၊ ဟော်လီအူလ္လာ(၂၃ နှစ်) နန့် မော်ဟူရာမာန် (၂၂နှစ်)ရို့ကိုပါ တပါတည်း ဖမ်းခေါ်လားခရေလို့ ရွာသားတိက ဆိုပါရေ။
ယင်းအပြင် အဆိုပါ ARSA အကြမ်းဖက်အဖွဲ့ဝင်တိစွာ သာစည်(မူဆလင်)ရွာမာ ဖွေဇီဆလင်၊ ဇော်ဟိရ်အာမတ်နန့် ရှောင်ရှူရို့၏ နီအိမ်တိကို သီနတ်တိနန့်ပစ်ခတ်၊ အိမ်တန်းခါးတိကိုဖျက်ဆီး ဝင်ရောက်ပြီးကေ မိသားစုဝင်တိကို ရိုက်နှက်သတ်ပုတ်ပနာ ငွေကြေးနန့် လက်ဝတ်ရတနာတိကို ဒါးမြတိုက်လုယက်၊ အတင်းအဓမ္မယူဆောင်လားခရေလို့ ဆိုပါရေ။
ကုန်ခရေ မာ့ချ် ၁၂ ရက်နိကလည်း ARSA အကြမ်းဖက်အဖွဲ့စွာ ဘင်္ဂလားဒေ့ချ်ဖက်သို့ ဟွန်ဒါတစီးနန့် ကနန်းလားပို့ရေ မောင်တောမြို့နယ်နယ်၊ငခူရရွာက တေဘော့တူလာကို ဖမ်းဆီးငွေညှစ်မှုတိ လုပ်ခပါသိမ့်ရေ။