APM ၊ မာ့ချ် ၁၅ / ၂၀၂၃
ဒဏ်ရာပြဿနာကြောင့် ကလပ်အသင်းပွဲစဥ်များအပြင် အာဂျင်တီးနား လက်ရွီးစင်အသင်း၏ နိုင်ငံခြီစမ်းပွဲများကိုပါလွဲချော်မည်ဟု မန်ယူတောင်ပံကဇတ်သမား အလီဂျန်ဒရိုဂါနာချိုက သူ၏ Instagram တွင် ရွီးသားဖော်ပြထားသည်။
အသက် ၁၈ နှစ်အရွယ် ဂါနာချိုသည် မာ့ချ် ၁၂ ရက်နိက ဆောက်သမ်တန်နန့် ဂိုးမဟိသရေကျခသည့်ပွဲတွင် ခြီကျင်းဝတ်ဒဏ်ရာရဟိခပြီး ဒဏ်ရာမှာ ထင်ထားသည်ထက် ပြင်းထန်သည်ဟုဆိုသည်။
“ဒဏ်ရာက ဇာအချိန်ပြန်ကောင်းလာဖို့လဲဆိုစွာကို ပြောရခက်ပါရေ။ ကံမကောင်းစွာနန့် လာဖို့အရေးကြီးရေပွဲတိမှာအသင်းဖော်တိကို ကျနော်ကူညီနိုင်ဖို့မဟုတ်ပါ။ ယေပြီးကေ အာဂျင်တီးနားလက်ရွီးစင် အသင်းဖော် တိနန့် ပွဲထွက်ကဇတ်ရဖို့ အခွင့်ရေးကိုပါလက်လွှတ်လိုက်ရပါရေ။ ဒဏ်ရာအယင်ပြန်ကောင်းလာဖို့အတွက် ကျနော်အာရုံစိုက်နီပါရေ” ဟု ဂါနာချိုက သူ၏ အင်စတာဂရမ်တွင်ရေးသားထားသည်။
ဂါနာချိုသည် မန်ယူအသင်းနန့်အတူ ပြိုင်ပွဲစုံ ၂၉ ပွဲပါဝင်ကဇတ်ထားပြီး ၄ ဂိုးသွင်းယူထားကာ ဂိုးဖန်တီးမှု (၅) ကြိမ်ပြုလုပ်ထားသည်။
Source – Ganacho confirmed that he will miss the test matches with Argentina LeRoisin because of an ankle injury.
Photo – Goal.com