
APM ၊ မာ့ချ် ၁၅ / ၂၀၂၃
ရက္ခိုင်ပြည်ဘူးသီးတောင်နန့် မောင်တောမြို့နယ်ရို့တွင် ဒေရက်ပိုင်းအတွင်း ဆန်အပါအဝင် ကုန်ဈီးနှုန်းများ အဆမတန်ထိုးတက်လာနီကြောင်း ဒေသခံများက ဆိုသည်။
ဘူးသီးတောင်နန့် မောင်တောတွင် အယင်က ဆန်ကြမ်းတအိတ်ကို ငွေကျပ် ၄ သောင်းကနီ ဒေရက်ပိုင်းအတွင်း ၆ သောင်းကျော် နန့် ပေါ်ဆန်းမွှီးဆန်တအိတ်ကို ငွေကျပ် ၇ သောင်းကနီ ၁ သိန်းကျော်အထိ ပီးဝယ်နီရပြီး တခြားကုန်စည်းနှုန်းများမှာလေ့ သိသိသာသာ ဈီးနှုန်းမြင့်တက်နီကြောင်း ဒေသခံများက ပြောသည်။
ယင်းသို့ ကုန်ဈီးနှုန်းများ မြင့်တက်နီရခြင်းမှာ ကုန်စည်စီးဆင်းရာလမ်းကြောင်းများတလျှောက် စစ်ဆီးရီးဂိတ်များ တိုးချဲ့ဖွင့်လှစ်ကာ တင်းတင်းကျပ်ကျပ်စစ်ဆီးနီသည့်အပြင် ကုန်ပစ္စည်းများကိုလေ့ အကန့်အသတ်နန့်ရာ သယ်ယူ ခွင့်ပြုသည့် အတွက် ဒေသအတွင်းကုန်စည်စီးဆင်းမှုများ နှောင့်နှေးကာ ကုန်ဈီးနှုန်းများထိုးတက်လာရခြင်းဟု ဆိုသည်။
မောင်တော-စစ်တွေ ကားလမ်း တလျှောက်၌ အယင်က အငူမော်၊ အင်းတောင်၊ မောရဝတီ၊ သုံးမိုင် စသည့်စစ်ဆီးရီးဂိတ်များရာ ဟိခကေလေ့ ပြီးခသည့် ဖေဖော်ဝါရီမှစ၍ အဆိုပါကားလမ်းတလျှောက် စစ်ဆီးရီးဂိတ်များ ထပ်မံတိုးချဲ့ဖွင့်လှစ်ကာ စစ်ဆီးမှုများ မှာအယင်ကထက် ပိုမိုတင်းကျပ်လာသည်။
ယင်းအပြင် ကုန်ပစ္စည်းများကို ရီလမ်းကြောင်းမှတဆင့် သယ်ယူရာတွင်လေ့ အငူမော်စစ်ဆီးရီးဂိတ်မှ ခေါ်ယူ စစ်ဆီးသည့်အပြင် သယ်ဆောင်ခဈီးကြီးခြင်း၊ အချိန်ကြန့်ကြာခြင်းများဟိနီ၍ ဒေသခံများမှာ အခက်အခဲများဖြင့် ရင်ဆိုင်နီရသည်ဟု ဆိုသည်။
လက်ဟိရက္ခိုင်ပြည်မှာ ရက္ခိုင့်တပ်တော် AA နန့် မြန်မာစစ်တပ်ရို့အကြား အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း မြန်မာစစ်တပ်မှ မြို့နယ်အသီးသီးဟိ ကုန်စည်စီးဆင်းရာ လမ်းကြောင်းများတွင် စစ်ဆီးရီးဂိတ်များ တိုးချဲ့ဖွင့်လှစ်ကာ စစ်ဆီးများ တင်းကျပ်ထားကြောင်း သိဟိရသည်။
