
APM ၊ မာ့ချ် ၁၆ / ၂၀၂၃
ဒေလ မာ့ချ် ၂၈ ရက်နိကို နောက်ဆုံးထား၍ နိုင်ငံရီးပါတီများတည်ထောင်ခွင့်နန့် မှတ်ပုံတင်ခွင့်လျှောက်ထားရမည်ဟု စစ်ကောင်စီက မာ့ချ် ၁၅ ရက်နိတွင်ထုတ် ပြန်သည်။
စစ်ကောင်စီ သတင်းပြန်ကြားရီးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းက ” နိုင်ငံရီးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ရက် ၆၀ အတွင်းပါတီမှတ်ပုံတင်ခွင့်လျှောက်ထား ရမည်ဖြစ်ပြီး၊မာ့ချ်၂၈ရက်နိ နောက်ဆုံးထား၍ လျှောက်ထားရ မည်ဖြစ် ကြောင်း “မာ့ချ် ၁၅ ရက် ညဇာဖက်မှာ ပြောကြားသည်။
စစ်ကောင်စီ၏ ရွီးကောက်ပွဲကော်မသျှင်တွင် မာ့ချ် ၁၄ ရက်နိအထိ ပါတီမှတ်ပုံတင်လျှောက်ထားသည့် နိုင်ငံရီးပါတီပေါင်း ၂၃ ပါတီဟိ ကြောင်း UEC က ထုတ်ပြန်ထားသည်။
နိုင်ငံရီးပါတီများမှတ်ပုံတင်ခြင်းဥပဒေသစ်အရ နိုင်ငံရီးပါတီများသည် ရက် ၆၀ အတွင်းပါတီမှတ်ပုံပြန်မတင်ပါက နိုင်ငံရီးပါတီအဖြစ်မှ အလိုအလျှောက် ပျက်ပြယ်လားမည် ဖြစ်သည်။
Photo – UEC
