APM ၊ ဖေဖော်ဝါရီ ၁၅ / ၂၀၂၃
နှစ်နိုင်ငံဆက်ဆံရီးကို တိုးမြှင့်ရန်ရည်ရွယ်ပြီး အမေရိကန်နိုင်ငံခြားရီးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet နန့် ကိုယ်စားလှယ်အဖွဲ့သည် ဘင်္ဂလားဒေ့ချ်နိုင်ငံ၊ ဒါကာမြို့သို့ နှစ်ရက်ကြာ အလည်အပတ်ခရီးစဉ်အဖြစ် ဖေဖော်ဝါရီ ၁၄ ရက်နိတွင် ရောက်ဟိခကြောင်း သိရသည်။
အတိုင်ပင်ခံ Derek Chollet နန့် ကိုယ်စားလှယ်အဖွဲ့သည် အဆိုပါခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ချ် အကြီးတန်း အစိုးရတာဝန်ဟိသူများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊စီးပွားရီးလုပ်ငန်းသျှင်များနန့် တွိဆုံပြီး နှစ်နိုင်ငံလက်တွဲ ဆောင်ရွက်ရီးများကို ဆွေးနွေးလားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၄ ရက်နိတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ဘင်္ဂလားဒေ့ချ်နိုင်ငံခြားရီး ဝန်ကြီးဌာနက အမေရိကန်ကိုယ်စားလှယ်အဖွဲ့ ခရီးစဉ်၏ ရည်ရွယ်ချက်မှာ မူဆလင်ဒုက္ခသည်များအရေး ဆွေးနွေးရန်နန့် နှစ်နိုင်ငံ အစိုးရအကြား ခိုင်မာသောဆက်ဆံရီးတည်ဆောက်ရန် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
ယင်းနည်းတူ အမေရိကန် ကိုယ်စားလှယ်အဖွဲ့သည် ပါကစ္စတန်နိုင်ငံသို့လေ့ လားရောက်ပြီး စီးပွားရီးနန့် ရာသီဥတု အကျပ်အတည်းကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရီး၊ ပြည်သူချင်းဆက်ဆံမှုတိုးချဲ့ရီး ကိစ္စများကို တာဝန်ဟိသူများ နန့် ဆွေးနွေးလားမည်ဟု သိရသည်။
Source – US State Department’s Counselor Derek Chollet arrives
Photo – US Embassy Dhaka