APM ၊ ဖေဖော်ဝါရီ ၁၅ / ၂၀၂၃
စင်ကာပူနိုင်ငံအနီနန့် စစ်ကောင်စီကို လက်နက်ရောင်းချခြင်းမဟိကြောင်း စင်္ကာပူနိုင်ငံခြားရီးဝန်ကြီး Vivian Balakrishnan က ဖေဖော်ဝါရီ ၁၄ ရက်နိက လွှတ်တော်အစည်းအဝေးတွင် ထပ်မံငြင်းဆိုလိုက်သည်။
မြန်မာပြည်ဆိုင်ရာ အထူးအကြံပီးကောင်စီ SAC-M ၏ အစီရင်ခံစာတွင် စစ်ကောင်စီထံသို့ လက်နက်တင်သွင်းရာ၌ စင်ကာပူ အပါအဝင် နိုင်ငံပေါင်း ၁၃ နိုင်ငံမှ ကုမ္ပဏီများ ပါဝင်ပတ်သက်နီသည်ဟု ဖော်ပြချက်နန့်ပတ်သက်၍ လွှတ်တော်အမတ် တဦး၏ မိန်းမြန်းမှုကို ဝန်ကြီး Balakrishnan က ယင်းသို့ ထပ်မံငြင်းဆိုလိုက်ခြင်း ဖြစ်သည်။
SAC-M ၏ အစီရင်ခံစာတွင်ဖော်ပြထားချက်အရ စင်ကာပူကုမ္ပဏီများအနီနန့် စစ်ကောင်စီထံသို လက်နက်ရောင်းချမှု ကန့်သတ်ချက်များကို လိုက်နာမှုဟိ/မဟိ အာဏာပိုင်များအနီနန့် စစ်ဆီးခြင်းများဟိလားဆိုပြီး အလုပ်သမားပါတီ အမတ် Dennis Tap က ဝန်ကြီး Balakrishnan အား မိန်းမြန်းခခြင်းဖြစ်သည်။
Vivian Balakrishnan က စင်္ကာပူနိုင်ငံအနီနန့် မြန်မာပြည်သို့ စစ်လက်နက်များရောင်းချခွင့်ပိတ်ပင်ထားသည်မှာ ကြာနီယာ ဖြစ်ကြောင်း ၊ SAC-M ၏ အစီရင်ခံစာတွင်ပါဟိသည့် စင်ကာပူနန့် စစ်ကောင်စီပိုင်လုပ်ငန်းများအကြား စီးပွားရီးအရ ပတ်သက် ဆက်နွယ်မှုမှာလေ့ စစ်တပ်အာဏာ မသိမ်းခင် ၂၀၂၁ ခုနှစ် မတိုင်ခင်အချိန်ကဖြစ်ကြောင်း ပြန်လည်ဖြေကြားခသည်။
စင်္ကာပူနိုင်ငံခြားရီးဝန်ကြီး Vivian Balakrishnan သည် ပြီးခသည့် ဂျန်နဝါရီ ၁၈ ရက်နိကလေ့ စစ်ကောင်စီကို လက်နက်ရောင်းချခြင်းမဟိကြောင်း ပထမအကြိမ် ငြင်းဆိုထားသိမ့်သည်။
Source – No sales of arms to Myanmar for ‘a very long time’: Vivian Balakrishnan
Photo – AP