
APM ၊ ဖေဖော်ဝါရီ ၁၅ / ၂၀၂၃
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နီသည့် အလုပ်လုပ်ကိုင်ခွင့်(Work permit) သက်တမ်းကုန် မြန်မာအလုပ်သမားများကို လာမည့် မေလအထိ နီထိုင်ခွင့်ပီးလားမည်ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဖေဖော်ဝါရီ ၁၄ ရက်နိတွင် ထုတ်ပြန်သည်။
ယင်းထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၁၃ ရက်နိနောက်ပိုင်းမှစ၍ အလုပ်လုပ်ကိုင်ခွင့် (Work Permit) သက်တမ်းကုန်သူများကို မေလ ၁၅ ရက်နိအထိ ဆက်လက်နီထိုင်ခွင့်ပြုပီးမည်ဖြစ်ပြီး ယင်းကာလအတွင်း လိုအပ်သည့် စာရွက်စာတမ်းအပြည့်အစုံနန့် အလုပ်လုပ်ကိုင်ခွင့်၊ နီထိုင်ခွင့်ပြန်လည်လျှောက်ထားရမည်ဟု ဆိုသည်။
ယင်းသို့ လျှောက်ထားလာသူများထဲမှ သတ်မှတ်ချက်နန့် ပြည့်စုံသူများကို လာမည့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ သို့မဟုတ် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအထိ အလုပ်လုပ်ကိုင်ခွင့်နန့် နီထိုင်ခွင့်ပီးလားမည်ဖြစ်ကြောင်းလေ့ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ယင်းအပြင် CI (မည်သူမည်ဝါဖြစ်ကြောင်းသက်သီခံလက်မှတ်) စခန်း ၄ ခု၏ သက်တမ်းကိုလေ့ မေလ ၁၃ရက်နိ အထိ ထပ်မံတိုးမြှင့်လိုက်ပြီး ၂၀၂၃ခုနှစ်အတွင်း သက်တမ်းကုန် PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများအား မြန်မာသံရုံး (ဘန် ကောက်မြို့ )နန့် ကောင်စစ်ဝန်ချုပ်ရုံး ( ချင်းမိုင်မြို့ ) ရို့တွင် ဆက်လက်ပြုလုပ်ပီးလားမည် ဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားချက်အရ သိဟိရသည်။
Photo – Bangkok Post
