APM ၊ ဒီဇမ်ဘာ ၁၅/ ၂၀၂၃
ကျောက်ဖြူမြို့နယ်မာ ဒေနိ (ဒီဇမ်ဘာ ၁၅ရက်နိ)မိုးထကစလို့ စိုင်ခြုံရွာနန့်ရှောက်ချောင်းရွာတိကို စစ်ကောင်စီတပ်(နေဗီ)က ဝင်စစ်နီပါရေ။
ဒေနိမိုးထ ၄ နာရီခွဲလောက်မာ ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်အခြီစိုက် စစ်ကောင်စီ၊ ရီတပ်စခန်းက တပ်ဖွဲ့ဝင် ၄၆ယောက်စွာ စိုင်ခြုံရွာထဲသို့ စီးနင်းဝင်ရောက်ပနာ ရွာသားတိကို ခြိမ်းခြောက်စစ်ဆီးခပါရေ။
“ရွာသားတိကို စာသင်ကျောင်းသို့ခေါ်ပနာ အိမ်ထောင်စုစာရင်းတိစစ်တေ။ မိန်းမြန်းမှုတိလုပ်ခပါရေ။သူရို့ဝင်လာရေခါ စိုင်ခြုံရွာ လောင်းဆိပ်ကတက်လာရေ ရွာသား ၆ ယောက်ကိုလည်း သီနတ်နန့် လှမ်းပစ်ခရေ။ ကံကောင်းလို့မကျလီပါ။ ယေပြီးကေ စိုင်ခြုံက အိမ်တချို့ကိုလည်း တက်လို့မွှီလားခပါသိမ့်ရေ”လို့ စိုင်ခြုံ ရွာသားတိက ပြောပါရေ။
အလားတူ တချိန်းတည်းမာပင် အင်အား ၄၀ လောက်ပါရေ စစ်ကောင်စီ တပ်ဖွဲ့ဝင်တိစွာ ရှောက်ချောင်းရွာကိုလည်း ဝင်ရောက်ပနာ ရပ်သူ ရွာသားတိကို ခြိမ်းခြောက် စစ်ဆီးမှုတိလုပ်ခကတ်ပါရေ။
“မိုးထ ၈ နာရီခွဲလောက်မာ ရွာသားတိကို စာသင်ကျောင်းမာစုပနာ ရွာသားတိကိုအိမ်ထောင်စုစာရင်းစစ်တေ။ ရွာသို့ လူစိမ်းတိဝင်လာကေ သူရို့(စစ်ကောင်စီ)ကို သတင်းလာပီးဖို့လည်းပြောဆို လားပါရေ”လို့ ရွာသားတိက ဆိုပါရေ။
ရက္ခိုင်ပြည်တဝန်းမာ ရက္ခိုင့်တပ်တော် AA ၏ ၁၀၂၇ စစ်ဆင်ရီးအတွင်း တပ်စခန်း (၁၄၀) ကျော်စွန့်လွှတ်ခရရေအထိ မရှုမလှ ကျယှုံးနီရရေ စစ်ကောင်စီစွာ တိုက်ပွဲဖြစ်တေအချိန်ကစလို့ ဒေနိအချိန်ထိ အရပ်သားပြည်သူတိကို ခြိမ်းခြောက် အနိုင်ကျင့်စွာ၊ မတရားဖမ်းဆီးစွာ၊ လူသားဒိုင်းကာအဖြစ်ပြုလုပ်စွာ၊ လူမဆန်စွာ ညှင်းပန်းနှိပ်စက်ရိုက်နှက်သတ်ပုတ် စွာတိကို နိစဉ်ရက်ဆက် ဆက်တိုက်ပြုလုပ်လို့ ဟိနီပါရေ။