
APM၊ ဒီဇမ်ဘာ ၁၅/ ၂၀၂၃
တအာင်းပြည်နယ်၊ တပ်မဟာ(၂)စစ်ဒေသ၊ နမ့်ဆန်မြိုနယ်မာ ဒီဇမ်ဘာ ၁၄ ရက်နိညည့်ကနီ ဒေနိ (ဒီဇမ်ဘာ ၁၅ ရက်နိ) ညဇာ အထိ တရက်အတွင်း စစ်ကောင်စီတပ်၏ လီကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် သက်ကြီးပိုင်းအမျိုးသားတယောက် မီးလောင်သီဆုံးပြီးကေ ဘုန်းကြီး ကျောင်း၊ စာသင်ကျောင်း နန့် ဒေသခံနီအိမ်အများအပြား မီးလောင်ပျက်စီးလားကြောင်း တအာင်းတပ်မတော် (TNLA) က သတင်းထုတ်ပြန်ပါရေ။
ဒီဇင်ဘာလ ၁၄ ရက်နိ၊ညည့် ၁၁ နာရီအချိန်မာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနန့် နမ့်ဆန်မြို့နယ်၊ ငွန်ဆိုင်းကျေးရွာကို လာရောက်ဗုံးကြဲတိုက်ခိုက်ခရာ အသက် ၇၀ ကျော်အရွယ် သက်ကြီးပိုင်းအမျိုးသားတယောက် မီးလောင်သီဆုံးခရရေပိုင် နီအိမ် ၄ လုံးလည်း မီးလောင်ပျက်စီးလားရေလို့ ဆိုပါရေ။
အလားတူ ဒေနိ(ဒီဇမ်ဘာ ၁၅ ရက်နိ)၊ မိုးထ ၇ နာရီအချိန်မာလည်း စစ်ကောင်စီတပ်ရေ ငွန်ဆိုင်းကျေးရွာနန့် နမ့်ဆန်မြို့ အတွင်းသို့ လီကြောင်းနန့် ထပ်မံလာရောက်ဗုံးကြဲတိုက်ခိုက်ခရာ ငွန်ဆိုင်းကျေးရွာက နီအိမ် ၃ လုံးနန့် ငွန်ဆိုင်းရွာ အ.မ.က ကျောင်း ထိမှန်မီးလောင်ပျက်စီးခပနာ နမ့်ဆန်မြို့၊ မင်္ဂလာရပ်ကွက်အတွင်း ဗုံးတလုံးကျရောက်ပေါက်ကွဲမှုကြောင့် စံပယ်ဦး စျီးဆိုင် မီးလောင်ပျက်စီးခကြောင်း သိရပါရေ။
ယင်းအပြင် ဒေနိ၊ နိခင်း ၂ နာရီအချိန်မာလည်း စစ်ကောင်စီတပ်က လီကြောင်းနန့် လာရောက်ဗုံးကြဲ တိုက်ခိုက်ခရာ နမ့်ဆန်မြို့ဟိ စစ်ကောင်စီတပ်၏ လက်ဖက်အချိုခြောက်စက်ရုံမီးလောင်ခရေလို့ ဆိုပါရေ။
ဒီဇမ်ဘာ ၁၂ ရက်နိ၊ နိခင်း ၂ နာရီလောက်မာ စစ်ကောင်စီတပ်ရေ နမ့်ဆန်မြို့ဟိ နမ့်မဝေါရက်ကွက်မာ နီထိုင်ရေ ဦးကျော်ဌေးကို ပစ်ခတ်ခစွာကြောင့် သီဆုံးခရေလို့ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။
ယင်းကြောင့် လက်ဟိအချိန်အထိ နမ့်ဆန်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လီကြောင်းနန့် လက်နက်ကြီးနန့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံ ၃ ယောက်သီဆုံးခပြီး နီအိမ် ၃၀ နီးပါး ထိခိုက်ပျက်စီးခကြောင်း သိဟိရပါရေ။
Photo – TNLA



