
APM၊ နိုဗမ်ဘာ ၁၅/ ၂၀၂၃
၁၀၂၇ စစ်ဆင်ရီးစွာ တနိုင်ငံလုံးပါဝင်ရေ စစ်ဆင်ရီး”Nationwide Operation” ဖြစ်မှရာ အထမြောက်နိုင်ဖို့ ဖြစ်လို့ စစ်ဆင်ရီးမာ ပုံစံတမျိုးမျိုးနန့် လူတိုင်း ပါဝင်ကတ်ဖို့ ညီနောင်မဟာမိတ်(၃)ဖွဲ့ က ဒေနိ (နိုဝင်ဘာ ၁၅ ရက်နိ)မာ တိုက်တွန်းလိုက်ပါရေ။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်နိကျရောက်တေ ၁၀၂၇ စစ်ဆင်ရီး (၁၉) ရက်မြောက်နိထုတ်ပြန်ချက်မာ “၁၀၂၇ စစ်ဆင်ရီးကစတင်ခရေ တိုက်ပွဲတိရေ တနိုင်ငံလုံးကပြည်သူလူထုတရပ်လုံးပါဝင်ရေ စစ်ဆင်ရီး Nationwide Operationအဖြစ် ကူးပြောင်းနိုင်မှရာ စစ်ဆင်ရီးအထမြောက် နိုင်ဖို့ဖြစ်ကြောင်း၊ ၁၀၂၇ စစ်ဆင်ရီးရေ တနိုင်ငံလုံးနန့် သက်ဆိုင်ရေ စစ်ဆင်ရီးဖြစ်စွာကို သတိမူသင့်ပြီး လူတိုင်းစွာ ဒေစစ်ဆင်ရီးထဲမာ ပုံစံတမျိုးမျိုးနန့်ပါဝင်ဖို့ လိုအပ်ပနာ စစ်ဆင်ရီးကို အထောက်အကူ၊ အထောက်အပံ့ဖြစ်တေ လုပ်ဆောင်ချက်တမျိုးမျိုး လုပ်ဆောင်ဖို့လိုအပ်ကြောင်း” ဖော်ပြထားပါရေ။
၁၀၂၇ စစ်ဆင်ရီးစွာ တနိုင်ငံလုံးအတိုင်း အတာအထိ ပြန့်နှံ့ကျယ်ပြန့်လာ နီပြီးကေ ညီနောင်မဟာမိတ် (၃) ဖွဲ့နန့်တတူ စစ်ဆင်ရီးမာ ဟန်ချက်ညီပါဝင်နီကတ်တေ မိတ်ဖက်တော်လှန်ရီးတပ်တိနန့် ပူးပေါင်းဆင်နွှဲနီရေ စစ်ဆင်ရီးကလည်း တဆင့်ချင်းမြင့်တက်လာနီပါရေ။
ယင်းအပြင် ဟန်ချက်ညီတိုက်ပွဲတိစွာ တနိုင်ငံလုံးအထိ ပျံ့နှံ့ ကူးစက် လာနီရေအတွက် လှည်းနီလှည်းအောင်း မြင်းဇောင်းမကျန် တနိုင်ငံလုံး ပါဝင်တော်လှန်နိုင်မှရာ ၁၀၂၇ စစ်ဆင်ရီး၏ အဓိကရည်မှန်းချက်တိထဲက တခုဖြစ်တေ စစ်အာဏာသျှင်စနစ် အမြစ်ပြုတ်နိုင်ဖို့လို့ ညီနောင်(၃)ဖွဲ့က ဖော်ပြပါရေ။
ညီနောင်မဟာမိတ်တိအနီနန့် စစ်ကောင်စီ၏ အရေးပါရေ စစ်စခန်းတိကို တခုပြီးတခု၊ ယင်းစစ်စခန်းတိနန့် ဆက်စပ်နီရေ မြို့တိကိုလည်း တမြို့ပြီးတမြို့ သိမ်းယူလို့ဟိနီပါရေ။
တချိန်တည်းမာ ကရင်နီပြည်မာလည်း KNDF က လွိုင်ကော်မြို့သိမ်းတိုက်ပွဲကို ဆင်နွှဲလို့ဟိရေပိုင်၊ နိုဗမ်ဘာ ၁၃ ရက်နိက ချင်း ပြည်မာဟိရေ စစ်ကောင်စီတပ်စခန်းတိကို CNF နန့် ဒေသကာကွယ်ရီးပူးပေါင်းတိက ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ခပြီးကေ ရိခေါ်ဒါရ်မြို့ ကိုလည်း ယင်းနိမာပင် ထိန်းချုပ်ထားနိုင်ခကြောင်း ဖော်ပြထားပါရေ။
ရက္ခိုင်ဒေသမာလည်း ရက္ခိုင့်တပ်တော်စွာ နိုဝင်ဘာ ၁၃ ရက်နိက ၁၀၂၇ စစ်ဆင်ရီးစတင်လိုက်ပြီးကေ တရက်တည်းမာပင် နီရာ ၅ ခုမာ တိုက်ပွဲတိဖြစ်ပွားခပနာ စစ်ကောင်စီ၏နယ်ခြားစောင့် တပ်စခန်း(၂) ခုကို အပြီးသတ် သိမ်းပိုက်ခပါရေ။
ရက္ခိုင်ပြည်နန့် ပလက်ဝမာလည်း တိုက်ပွဲတိ ဆက်လက်ပြင်းထန်နီပြီးကေ စစ်ကောင်စီစွာ ကုန်းလမ်း၊ ရီလမ်း ပိတ်ဆို့ပနာ တန်ပြန်စစ်ဆင်ရီး လုပ်ဆောင်လျက်ဟိပါရေ။
နိုဗမ်ဘာ ၁၄ ရက်နိ၊ မိုးထ ၄ နာရီလောက်မာ တအာင်းပြည်နယ်၊ တပ်မဟာ (၅) စစ်ဒေသ၊ ကွတ်ခိုင်မြို့နယ်၊ လွယ်ကန်ကျေးရွာဟိ စစ်ကောင်စီနန့် ၎င်းလက်အောက်ခံပြည်သူ့စစ်ရို့၏ ပူးပေါင်းစခန်းကို အပြီးသတ် ချေမှုန်းသိမ်ပိုက်ခပြီးကေ အဆိုပါ တိုက်ပွဲအတွင်း စစ်အသုံး အဆောင်ပစ္စည်းတိနန့် ရိက္ခာ တချို့ သိမ်းဆည်းရမိခပါရေ။
နိုဗမ်ဘာ ၁၄ ရက်နိ၊ မိုးထပိုင်းမာ ကိုးကန့်တပ်မတော် (MNDAA) ရေ ကိုးကန့်ခရိုင်၊ သျှီးသျှမ်းဒေသ၊ ဟွာရှိပန်ရွာအနားဟိ စစ်ကောင်စီတပ်စခန်းကို လက်နက်ကြီးနန့် စတင်ပစ်ခတ်ခပြီးကေ မိုးထ ၁၀ နာရီ ၅၀ မိနစ်လောက်မာ ခြီလျင်တပ်နန့် ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်ခရာ ၁၁ နာရီခွဲအချိန်လောက်မာ ဟွာချိပန်စခန်းကို အပြီးသတ် ချေမှုန်းသိမ်းပိုက်ခပါရေ။
နိုဗမ်ဘာ ၁၄ ရက်နိ၊ မိုးထ ၁၀ နာရီ ၁၈ မိနစ်လောက်မာ နောင်ချိုမြို့နယ်၊ ဂုတ်တွင်း အနားတဝိုက်မာ စစ်ကောင်စီရေ Mi 35 တိုက်ခိုက်ရီးရဟတ်ယာဉ်နန့် (၁) ကြိမ်၊ နိခင်း ၁၂ နာရီ ၁၅ မိနစ်မာ (၁) ကြိမ်၊ ၂ နာရီ ၄၀ လောက်မာ (၁) ကြိမ်နန့် တရက်တည်း လီကြောင်းတိုက်ခိုက်မှု (၃) ကြိမ် ပြုလုပ်ခကြောင်း ဖော်ပြထားပါရေ။
နိုဗမ်ဘာ ၁၄ ရက်နိ၊ နိခင်း ၁၁ နာရီ ၂၀ မိနစ်လောက်မာ တအာင်းတပ်မတော် (TNLAA) ရေ တအာင်းပြည်နယ်၊ တပ်မဟာ (၆) စစ်ဒေသ၊တန့်ယန်းမြို့နယ်ဟိ စစ်ကောင်စီ ၏ ပွိုင့် (၆၄၃) တာဆိုင်းလျံ စစ်ဆင်ရီးခြီကုတ်စခန်းကို အပြီးသတ်ချေမှုန်း သိမ်းပိုက်ခပိုင်၊ နိခင်း ၁၂ နာရီ ၄၅ မိနစ်လောက်မာလည်း တအာင်းပြည်နယ်၊ တပ်မဟာ (၂) စစ်ဒေသ၊ ကျောက်မဲ မြို့နယ်ဟိ စစ်ကောင်စီ၏ လက်အောက်ခံ တပ်ရင်း ခမရ (၅၀၂)စခန်းကို တအာင်းတပ်မတော် (TNLA) က လက် နက် ကြီးနန့် (၁၁) ကြိမ် ပစ်ခတ်တိုက်ခိုက်ခပါရေ။
နိုဗမ်ဘာ ၁၄ ရက်နိ၊ နိခင်း ၁၂ နာရီ ၄၅ မိနစ်လောက်မာ တအာင်းပြည်နယ်၊ တပ်မဟာ (၂) စစ်ဒေသ၊ ကျောက်မဲ မြို့နယ်ဟိ စစ်ကောင်စီ၏ လက်အောက်ခံ တပ်ရင်း ခမရ (၅၀၂)စခန်းကို တအာင်းတပ်မတော် (TNLA) က လက် နက် ကြီးနန့် (၁၁) ကြိမ် ပစ်ခတ်တိုက်ခိုက်ခပါရေ။
နိုဗမ်ဘာ ၁၃ ရက်နိ၊ ညဇာ ၆ နာရီခွဲကစလို့ နိုဗမ်ဘာ ၁၄ ရက်နိ၊ မိုးထ ၆ နာရီခွဲအထိTNLA နန့် MDY PDF ရို့ရေ တအာင်းပြည်နယ်၊ တပ်မဟာ (၂) စစ်ဒေသ၊ နောင်ချိုမြို့ နယ်၊ ဂုတ်ထိပ် တန်းထားနားမာ စစ်ကောင်စီတပ်ဖွဲ့ဝင်တိနန့် ထိတွိတိုက်ပွဲဖြစ်ပွားခပိုင်၊ နိုဝင်ဘာ ၁၄ ရက်နိညဇာ ၇ နာရီ ၂၂ မိနစ်လောက်မာ TNLA စွာ တအာင်းပြည်နယ်၊ တပ်မဟာ (၁) စစ်ဒေသ၊ နမ့်ခမ်းမြို့ဟိ စစ်ကောင်စီ၏ စခန်းသစ်ကုန်း ကို တိုက်ခိုက်ခပါရေ။
နိုဗမ်ဘာ ၁၄ ရက်နိမာ ကွတ်ခိုင်မြို့နယ်ဟိ စစ်ကောင်စီ ၏ လက်အောက်ခံ မုံးဟွမ်ပြည်သူ့စစ် တပ်ဖွဲ့ဝင်တိရေ TNLA ဘားသို့ လက်နက် (၇) လက်ကို လာရောက်အပ်နှံခရေအပြင် မုံးပေါ်ပြည်သူ့စစ် တပ်ဖွဲ့ဝင်တိကလည်း လက်နက် (၃) လက် လာရောက်အပ်နှံခပါရေ။
ရက္ခိုင်ပြည်အတွင်း တိုက်ပွဲတိ စဖြစ်တေနိကပင် စစ်ကောင်စီရေ အရပ်သားပြည်သူတိကို ULA/AA နန့် ဆက်စပ်ပတ် သက် တေဆိုရေ လုပ်ကြံစွပ်စွဲချက်တိနန့် အရပ်သားပြည်သူ ၄၆ ယောက်ကို ဖမ်းဆီးခပြီး ဆက်လို့ဖမ်းဆီးဖို့လည်း ကြံစည်နီရေလို့ ဆိုပါရေ။
တဖက်မာလည်း စစ်ကောင်စီရေ အရပ်သား ပြည်သူတိဟိရေနီရာတိသို့ ၎င်းရို့စခန်းတိက လက်နက်ကြီး၊ လက်နက်ချေတိနန့် နိညအချိန်မရွီး ရည်ရွယ်ချက်ဟိဟိ အကြောင်းမဲ့ ရမ်းသန်းပစ်ခတ်လျက်ဟိကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့၏ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။
