
APM ၊ ဂျန်နဝါရီ ၁၅/၂၀၂၄
ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့မာ နယ်ချဲ့အကြမ်းဖက် စစ်ရာဇဝတ်ကောင် ဖက်ဆစ်စစ်ကောင်စီကမတရား ဖမ်းဆီး ထားရေ အပြစ်မဲ့ အရပ်သားပြည်သူ တယောက်စွာ စစ်ကြောရီးမာ လူမဆန်စွာရက်ရက်စက်စက် နှိပ်စက် သတ် ဖြတ်ခံရလို့ သီဆုံးလားခကြောင်း သိရပါရေ။
အကြမ်းဖက် ဖက်ဆစ်စစ်တပ်၏ ဥပဒေမဲ့ မတရားဖမ်း ဆီး နှိပ်စက်သတ်ဖြတ်ခံလိုက်ရရေ အပြစ်မဲ့ အရပ်သားကတော့ တောင်ကုတ်မြို့နယ်၊ တပျော့ရွာက ကိုညီနိုင်စိုး (၁၉နှစ်) လို့ သိရပါရေ။
ကုန်ခရေ ၂၀၂၃ ခုနှစ်၊ ဒီဇမ်ဘာ ၂၁ ရက်နိ၊ ညဇာ ၅ နာရီ မိနစ် ၄၀ အချိန်က တောင်ကုတ်အခြီစိုက် စကခ(၅)လက် အောက်ခံ ခမရ(၃၄၆) နန့် ခမရ(၅၄၄) တပ်ရင်းတိက စစ်ကောင်စီတပ်ဖွဲ့ဝင် ပူးပေါင်းအင်အား ၃၅ယောက်လောက် စွာ တောင်ကုတ်မြို့နယ်၊ ခူးတိုက်နယ်၊ တပျော့ရွာကို စီး နင်းဝင်ရောက်ပြီးကေ ယင်းရွာက ကိုညီနိုင်စိုး(၁၉ နှစ်)၊ မောင်ဆန်းမင်းနိုင်(၁၇နှစ်) နန့် ဦးဝင်းသျွှေ(၄၁ နှစ်)ရို့ကို လူမဆန်စွာ ဖမ်းဆီးခေါ်ဆောင် လားခပါရေ။
ယင်း၃ယောက်ကို စစ်ကောင်စီတပ် စကခ(၅)မာ ဥပဒေမဲ့ချုပ်နှောင်ပနာ မိသားစုနန့်တွိခွင့်မပီးဘဲ လူမဆန်စွာညှဉ်း ပမ်းနှိပ်စက် စစ်ဆီးနီခပါရေ။
နယ်ချဲ့မိစ္ဆာ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီတပ်၏ ကောက်ကျစ်ယုတ်မာ လူမဆန်စွာ နှိပ်စက် စစ်ဆီးမှုတိကြောင့် ကိုညီနိုင်စိုး စွာ ၂၀၂၄ ခုနှစ်၊ ဂျန်နဝါရီ ၁၅ ရက် (ဒေနိ) မိုးထ ၃ နာရီတိတိအချိန် တောင်ကုတ်မြို့ ကုတင် (၁၀၀)ဆီးရုံမာ စစ်ရာဇဝတ်ကောင်လူယုတ်မာရို့၏ လက်ချက်နန့် ကွယ်လွန် အနိစ္စ ရောက်လားခရပါကြောင်း ကနဦး သတင်းရဟိပါရေ။
