
APM ၊ ဂျန်နဝါရီ ၁၅ / ၂၀၂၄
ဂျန်နဝါရီ ၁၄ ရက်နိ၊ညည့်ခါက စစ်ကောင်စီတပ်၏ လက် နက်ကြီးပစ်ခတ်မှုကြောင့် ကျောက်တော်မြို့နယ်က အာရက္ခပြည်သူတယောက် ထိခိုက်ဒဏ်ရာရလားခပြီးကေ လူနီအိမ်တချို့လည်း ပျက်စီးလားကြောင်း သိရပါရေ။
စစ်ကောင်စီ၏ လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာရလားခလူစွာ ကျောက်တော်၊မဟာမုနိရွာက ဦးမောင်လှဖြူ(၃၅ နှစ်) ဖြစ်ပါရေ။
ဂျန်နဝါရီ ၁၄ ရက်နိ၊ ညည့် ၉ နာရီလောက်မာ ကျောက်တော်အခြီစိုက် စစ်ကောင်စီ စကခ(၉) တပ်မနန့် မဟာမုနိ ဘုရားအခြီချ စစ်ကောင်စီ၏ယာယီတပ်စခန်းကနီ အပါးဟပ်စပ်ရပ်ရွာတိကို လက်နက်ကြီးနန့် ယမ်းကားပစ်ခတ် ခပါရေ။
ယင်းလက်နက်ကြီးကျည်တိစွာ မဟာမုနိရွာနန့် ရွာနားပတ် ဝန်ကျင်တိသို့ကျရောက်ပေါက်ကွဲပြီးကေ ဦးမောင်လှဖြူ ၏ညာဖက်ခြီသလုံးမာ လက်နက်ကြီးကျည်စထိမှန် ဒဏ် ရာရလားခရေအတွက် ဆီးကုသမှု ခံယူနီရရေလို့ ရွာသားတိက APM ကို ပြောပါရေ။
ယင်းအပြင် ယင်းလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် မဟာမုနိရွာနား ရန်ကုန်-စစ်တွေ ကားလမ်းမကြီးဘေး က နီအိမ်တချို့လည်း ထိခိုက်ပျက်စီးခရရေလို့ ရွာသားတိက ဆိုပါရေ။
လက်ဟိအချိန်ထိလည်း ယင်း စကခ(၉) တပ်မကနီပနာ လူနီရပ်ရွာတိကို လက်နက်ကြီးနန့် ဦးတည်ပစ်ခတ်နီလို့ အပါးဟပ်စပ်က ဒေသခံပြည်သူတိ တိမ်းယှောင်နီကတ်ရရေလို့ သိဟိရပါရေ။
