
APM ၊ ဂျန်နဝါရီ ၁၅ / ၂၀၂၃
ချဲလ်ဆီးအသင်းသည် PSV လူငယ်ကြယ်ပွင့် တောင်ပံကဇတ်သမား မာဒူကီကို ခေါ်ယူဖို့အတွက် နယ်သာလန် ကလပ် PSV အသင်းနန့် တိုက်ရိုက်ဆွေးနွေးနီကြောင်း သိရသည်။
အင်္ဂလန်ယူ-၂၁ လက်ရွီးစင် ကဇတ်သမား မာဒူကီအတွက် ပေါင် ၂၆.၆ သန်းနန့် PSV အသင်းကို ချဲလ်ဆီး ကမ်းလှမ်းထားသည်။
သို့သော် PSV အသင်းသည် ၎င်း၏ကဇတ်သမားအတွက် အဂုကမ်းလှမ်းမှုထက်ပိုများသော ပြောင်းရွှိကြေးကို အလိုဟိနီပြီး၊ ဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်နီသည်။
PSV အသင်းနည်းပြ ရုဒ်ဗန်နစ္စတယ်ရွိင်းက မာဒူကီကို အသင်း၌ ဆက်ဟိလိုကေလေ့ ကဇတ်သမား၏ ဆုံးဖြတ်ချက်ကိုရာ လက်ခံလားမည်ဟု ဆိုသည်။
မာဒူကီသည် အယင်က စပါးနန့် ခရစ္စတယ်ပဲလေ့စ်အသင်းရို့၏ လူငယ်အကယ်ဒမီတွင် ကဇတ်ခပြီးနောက် PSV အသင်းသို့ ၂၀၁၈ ခုနှစ်တွင် ၃ နှစ်စာချုပ်ဖြင့် ပြောင်းရွှိလာကာ၊ PSV အနီနန့် ၂၀၂၅ ခုနှစ်အထိ စာချုပ် သက်တမ်း တိုးထားသည်။
အသက် ၂၀ အရွယ် လူငယ်ကြယ်ပွင့် မာဒူကီသည် အဂုနှစ်ဘောလုံးရာသီတွင် PSV အသင်းအတွက် ပြိုင်ပွဲစုံ ၈ ပွဲမှာ ၂ ဂိုး သွင်းယူထားပြီး၊ ကုန်ခသည့်ဒီဇင်ဘာ ၃၀ နိက အေစီမီလန်အသင်း နန့် ခြီစမ်းပွဲ၌လေ့ သွင်းဂိုး ၂ ဂိုး သွင်းယူထားသည်။
ချဲလ်ဆီးအသင်းသည် နည်းပြပေါ်တာ လက်အောက်တွင် ပရီးမီးယားလိဂ်အဆင့် (၁၀) နီရာ၌ ရပ်တည်နီပြီး၊ လက်ဟိ အသင်းတွင် အဓိကကဇတ်သမား ၁၀ ယောက်အထိ ဒဏ်ရာရထားကြောင်း သိဟိရသည်။
Source – Chelsea open talks with PSV Eindhoven over Noni Madueke.
Photo – Getty Images
