
APM ၊ ဩဂတ်စ် ၁၅ / ၂၀၂၄
ရက္ခိုင်ပြည်တွင် ပြီးခသည့်ရက်ပိုင်းက ရီကြီးမှုအတွင်း လူ ၆ ယောက်သီဆုံးပြီး၊ လယ်ဧက ၇ သောင်းကျော် ပျက်စီးခကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA က ဩဂတ်စ် ၁၄ ရက်က ထုတ်ပြန်သည်။
ထုတ်ပြန်ချက်အရ ဂျူလိုင် ၃၁ ရက်မှ ဩဂတ်စ် ၉ ရက်နိထိ မိုးအဆက်မပြတ် ရွာသွန်းမှုနန့်အတူ မြစ်ရီ၊ ချောင်းရီများ မြင့်တက်လာမှုကြောင့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ဘူးသီးတောင်၊ မောင်တော၊ တောင်ကုတ်၊ သံတွဲမြို့နယ်များတွင် ရီလွှမ်းမိုးမှုများဖြစ်ပေါ်ခ၍ လူ ၆ ယောက်သီဆုံးခပြီး ၊ လယ်ဧကပေါင်း ၇၀၅၃၇.၃၄ ဧကအထိ ပျက်စီးခရကြောင်း သိရသည်။
အလားတူ ကျွဲ၊ နွား၊ ဆိတ်၊ ဝက် အကောင်ရေ ၁၃၉ ကောင်သီဆုံးပြီး ရီကန် ၈၅ ကန်၊ တန်းထား ၃ စင်း၊ တာတမံ ၅ ခု၊ ကွမ်းပင် ၅၀၀၀ ပျက်စီးခကာ ကျေးရွာပေါင်း ၃၉၀ နန့် နီအိမ်ပေါင်း ၂၈,၀၇၂ အိမ် ရီလွှမ်းမိုးမှုခံခရသည်ဟု ဆိုသည်။
ယင်းအပြင် ရီကြီးခြင်း၏ အကျိုးဆက်များအနီနန့် ကျန်းမာရီးရှုထောင့်အရ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အဆုတ်ရောင်၊ အဆုတ်ပွရောဂါဖြစ်ခြင်း၊ နှာစီးခြောင်းဆိုး၊ အအီးမိခြင်းရိုပွားဖြစ်လာနိုင်၍ မိဖပြည်သူများအနီနန့် သတိထားလားလာနီထိုင်ကတ်ရန်နန့် ဆီးကုသခံယူမှု၊ ကျန်းမာရီးစောင့်ယှောက်မှုများလိုအပ်ပါက နီးစပ်ရာ ULA ဒေသအုပ်ချုပ်ရီးရုံးများမှတဆင့် ဆက်သွယ်နိုင်ကြောင်း လေ့ ULA က အသိပီးထားသည်။
ရက္ခိုင်ဒေသသည် သဘာဝဖီးအန္တရာယ်အား မိုးရာသီအတွင်း နှစ်ကြိမ်ဆက်တိုက်ကြုံရသောဒေသအဖြစ် မှတ်တမ်းဝင်ကာ အာရက္ခဒေသနီပြည်သူလူထုများမှာ အခြီခံစားသောက်ကုန်၊ ဆန်၊ ဆီ၊ ဆား၊ ဆီးဝါး၊ စားနပ်ရိက္ခာ၊သောက်သုံးရီ ရဟိရီးရို့မှာ အရေးပေါ်လိုအပ်လျက်ဟိကြောင်းလေ့ ULA က ဆိုသည်။
ယင်းကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ကူညီဆောင်ရွက်ပီးနီကတ်သော ကမ္ဘာ့နိုင်ငံကြီးများ၊ အိမ်နီးနားချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ရီဖီး၊ လီဖီးဒဏ်သင့် အာရက္ခပြည်သူပြည်သားများအတွက် လတ်တလောအရေးတကြီး လိုအပ်နီသည့် စိုက်ပျိုးရီး၊ မွီးမြူရီး၊ကျန်းမာရီးလုပ်ငန်းများ၊ မျိုးစပါးများ၊ လယ်ယာသုံးနန့် ရီလုပ်ငန်းသုံးပစ္စည်းများ၊ စားနပ်ရိက္ခာ၊ ဆီးဝါးများအပါအဝင် အခြား အရေးပေါ်အကူအညီများကို အယင်ဆုံးကူညီပီးကတ်ပါရန် ULA က ထပ်မံအကူအညီတောင်းခံထားသည်။
