APM၊ ဒီဇမ်ဘာ ၁၄/ ၂၀၂၂
ပြီးခသည့် ဒီဇမ်ဘာ ၁၃ရက်နိက ရန်ကုန်- မော်လမြိုင် ရထားလမ်းပိုင်း သိမ်ဆိပ်နန့် ဒုံးဝန်းဘူတာအကြား၌ ဗြီးဆွဲနီသည့် ကျောက်တင်ရထား မိုင်းဆွဲတိုက်တိုက်ခံရသည့်အတွက် ရထားလမ်းပျက်စီးကာ ခရီးစဉ်တချို့ကို ဖျက်သိမ်းလိုက်ရကြောင်း မြန်မာ့မီးရထားမှ ဒီဇမ်ဘာ ၁၄ရက်နိ မိုးထပိုင်းမှာ ထုတ်ပြန်သည်။
ယင်းသို့ မိုင်းဆွဲတိုက်တိုက်ခံရ၍ ဒီဇမ်ဘာ ၁၃ ရက်နိ ညည့်ပိုင်း ထွက်ခွာမည့် ရန်ကုန်-မော်လမြိုင် အစုန်အဆန် ရထားခရီးစဥ် ၂ ခုအား ဖျက်သိမ်းခရသည်ဟု ဆိုသည်။
ထို့အပြင် ဒေနိဒီဇမ်ဘာ ၁၄ရက်နိတွင် ထွက်ခွာမည့် ရန်ကုန်-မော်လမြိုင် အစုန်အဆန်ရထားခရီးစဥ် ၂ ခုကိုပါ ဖျက်သိမ်းလိုက်ရကာ လက်မှတ်ဝယ်ထားသည့် ခရီးသည်များအား လက်မှတ်ရုံ၌ လက်မှတ်ခများပြန်ပီးလျက် ဟိကြောင်းသိရသည်။
Please follow and like us: