APM၊ ဒီဇင်ဘာ ၁၄/ ၂၀၂၂
NCA အပစ်ရပ်လက်မှတ်ရွီးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့၏ တွိဆုံဆွေးနွေးရန်ကမ်းလှမ်း မှုအပေါ် စစ်ကောင်စီဖက်မှ အဆင်သင့်မဖြစ်၍ မတွိနိုင်သိမ့်ဟု တုံ့ပြန်လိုက်သည်။
NCAလက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၇ဖွဲ့မှ ဒီဇင်ဘာ ၇ ရက်နိစစ်ကောင်စီထံပီးပို့ ခသည့် စာတွင် “ဒီဇမ်ဘာ ၁၂ ရက်နိမှာ ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့ ၌ နှစ်ဖက်ကိုယ်စားလှယ် အနည်းအကျဉ်းဖြင့် အလွတ် သဘော တွိဆုံဆွေးနွေးလို ကြောင်း၊ ဒီဇမ်ဘာ ၁၅ ရက်မှ ၁၆ ရက်နိအထိ တောင်ကြီးမြို့ (သိုမဟုတ်) မော်လမြိုင် မြို့တွင် နှစ်ဖက်ကိုယ်စား လှယ် စုံညီစွာဖြင့် အလွတ်သဘော ဆွေးနွေးလိုကြောင်း” ကမ်းလှမ်းထားသည်။
ယင်းကမ်းလှမ်းချက်အပေါ် တွင် “မတွိနိုင်သိမ့်ကြောင်း” ဒီဇင်ဘာလ ၉ရက်နိတွင် စစ်ကောင်စီဖက်မှ အကြောင်း ပြန်စာပို့ခသည်ဟု ငြိမ်းချမ်းရီးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ၏ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကျော်ညွန့် က မီဒီယာများသို့ ပြောကြားထားသည်။
စစ်ကောင်စီနန့် တွိဆုံဆွေးနွေးနိုင်ရန်ကမ်းလှမ်းခသည့် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့မှာ ဒီမိုကရေစီအကျိုး ပြုကရင့်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရီးကောင်စီ (KNU/KNLA-PC) ၊ လားဟူဒီမိုကရက်တစ်အစည်း အရုံး (LDU) ၊ မွန်ပြည်သစ်ပါတီ (NMSP) ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရီးအဖွဲ့ချုပ် (PNLO) ၊ သျှမ်းပြည်ပြန် လည်ထူထောင်ရီးကောင်စီ (RCSS) နန့် ရခိုင်ပြည်လွတ်မြောက်ရီးပါတီ (ALP)ရို့ဖြစ်ကတ်သည်။